Tuesday, January 26, 2016

Computer မှာ သုံးနေတဲ့ အင်တာနက်လိုင်းကို Wifi အဖြစ်ထပ်ဆင့်လွှင့်ထုတ်နည်း

Computer မှာ သုံးနေတဲ့ အင်တာနက်လိုင်းကို Wifi အဖြစ်ထပ်ဆင့်လွှင့်ထုတ်နည်း
=================================

ကိုယ့်ကွန်ပျူတာ လက်တော့ထဲမှာ သုံးနေတဲ့အင်တာနက်လိုင်းကို ထပ်ဆင့်ပြန်ခွဲ

ပြန်လွှင့်လို့ အဆင်ပြေပါတယ် ။ ကိုယ့်ရဲ့ကွန်ပျူတာမှာ ရုံးကပဲဖြစ်ဖြစ် ဆိုင်ဖြစ်ဖြစ်

အင်တာနက်လိုင်းဝင်နေပြီဆိုရင် တခြားလူတွေသုံးဖို့  ဒီဆော့ဝဲလေးနဲ့ အလွယ်

ပြန်လွှင့်နိုင်ပါတယ် ။ လေ့လာလိုသူများ အောက်ကလင့်မှ Download ယူလိုက်ပါ။

ဒေါင်းလုပ်ယူထားတဲ့ ဆော့ဝဲဖိုင်ကို ဖြည်လိုက်ပါ Folder ထွက်လာမည်

Folder ကို Local Disk C ထဲကို Copy ယူပြီး Paste ချလိုက်ပါ

ရောက်လာပြီဆိုရင် Folder ထဲက VirtualRouterPlus ကို ရှာလိုက်ပါ

VirtualRouterPlus ကို Right Click ထောက်ပြီး Shortcut ထုတ်ပါ

Sent to Desktop Creat Shortcut ကိုနှိပ်လိုက်ရင် Desktop ရပါပြီ

ရောက်လာရင် ဖွင့်လိုက်ပါ - လိုင်းနာမည်နဲ့ ပတ်စ၀ပ်ပေးပြီးတော့

Start  VirtualRouterPlus ကိုနှိပ်လိုက်ရင် Wifi လွှင့်တာရပါပြီ

ဖုန်းတွေ တခြား လက်တော့တွေကနေ ခွဲယူသုံးစွဲနိုင်ပါပြီ ။

Download linkသို့>>>>Download link<<<

(ဒေါင်းလော့လုပ်နည်း)

ပေးထားသောDOWNLOADကိုနှိပ်။5စက္ကန့်လောက်စောင့်နေပါ။ညာဘက်အပေါ်ဆုံးဒေါင့်မှာSkip Adဆိုသောစာသားပေါ်လာရင်ထိုSkip Adကိုနှိပ်ပါ။မူရင်းpCloud Linkကိုရောက်ပါလိမ့်မယ်။downloadလုပ်လိုက်ပါ။

အဆင်ပြေပါစေ

No comments:

Post a Comment