Saturday, December 19, 2015

အရှင် သုမင်္ဂလ's photo.
အရှင် သုမင်္ဂလ with အရှင် ပညာ သိဒ္ဓိ and 10 others.
ကမ္မဝါစာကို ကြည့်၍ဖတ်ခြင်း
═══════════════════════
အရှင်ဘုရား
ရဟန်းသံဃာတော်အရှင်သူမြတ်များသည် ပိဋကတ်သုံးပုံကိုသော်မှ အာဂုံဆောင်နိုင်သူများ ဖြစ်ကြပါလျှက် ကမ္မဝါစာ ရွတ်ဆိုရာတွင် ကမ္မဝါကြီးများ ကိုင်ဆောင်၍ ဖတ်ကြားနေကြသည်မှာ မစဉ်းစားတတ်ပါသဖြင့် သနားသည်းခံ၍ ဖြေကြားပေးတော်မူပါဘုရား ။
ဦးစိန်မှို ၊ ဆင်တဲကျေးရွာ ။ ပန်းတောင်းမြို့နယ် ။
ရဟန်းသံဃာတော်အရှင်သူမြတ်များသည် ကမ္မဝါစာကို ဖတ်ရွတ်ရာတွင် ကမ္မဝါစာကို ကိုင်ငင်ကြည့်ရှု၍ ဖတ်ကြခြင်းမှာ အာဂုံမရ၍မဟုတ် ၊ စာလုံးအက္ခရာတိုင်း၏ ဌာန်ကရိုဏ်း ၊ ပယတ် ၊ နိဂ္ဂဟိတ် ၊ နိဂ္ဂဟိတ ဝိမုတ် စသည် အသံလွှဲမှားမသွားစေရန်အတွက် ဖြစ်ပါသည် ။ တစ်စုံတစ်ရာ လွှဲမှားသွားလျှင် ပြုလုပ်နေသော ဝိနည်းကံ ပျက်စီးသွားနိုင်ပါသည် ။ ဥပမာ တနှင့် ဋ ၊ ထနှင့် ဌ ၊ မတူပါ ။ တ ကို ဖတ်လျှင် ဒန္တဇ အက္ခရာဖြစ်၍ လျှာက သွားကို ထိရပါမည် ။ ဋ ကို ဖတ်လျှင် မုဒ္ဓဇအက္ခရာဖြစ်၍ လျှာက လျှာထိပ်(အာခေါင်) ကို ထိရပါမည် ။ သံဃံ က သံနှင့် သမ္မတိ က သမ် သည် အသံချင်းတူသော်လည်း နိဂ္ဂဟိတနှင့် နိဂ္ဂဟိတဝိမုတ္တ ဖြစ်၍ ရွတ်ဆိုပုံကွဲပြားပါသည် ။ ထို့အတူ အက္ခရာတိုင်းကို မမှားမယွင်းရအောင် ကြည့်ရှု၍ ဂရုစိုက်ရွတ်ဆိုဖတ်ကြားရသဖြင့် အလွတ်မရွတ်ဘဲ ကမ္မဝါစာကို ကြည့်ရှု၍ ရွတ်ဆိုရသည်ကို မှတ်သားကြည်ညိုကြရမည် ဖြစ်ပါသည် ။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

No comments:

Post a Comment