Sunday, August 16, 2015

အသိခက်သူ

အသိခက်သူ
*************
နေသာသည့်ခိုက် ၊ နေနှင့်လိုက်ကာ
နေ့ ၌ပျော်တတ်လေသူခင်
လသာသည့်ခိုက် ၊ လနှင့်လိုက်ကာ
ည၌မွေ့ တတ်လေသူခင် ။

ညမှာလည်းမွေ့ ၊ နေ့ မှာလည်းပျော်
သြော်.....အသိခက် ၊မျက်နှာထွေပြား
များတတ်လေသူ....
မိုးစွေသည့်နေ့ ၊ နေ မတွေ့ လျှင်
လကွယ်ညမှာ ၊ လ မသာလျှင်
ညလည်းမမွေ့  ၊နေ့ လည်းမခင်
ပြင်ပြင်စိမ်းကား ၊ မထောက်ထားတတ်
အားလုံးမုန်းမေ့နိုင်ပြန်သည် ။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
မောင်(စွယ်စုံကျမ်း)'s photo.

No comments:

Post a Comment