Sunday, August 16, 2015

ဆယ်စုနှစ်ကျော် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်

ဆယ်စုနှစ်ကျော် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်
ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို
ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟုဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန်ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန်မသင့်ဟုဆိုကြပြန်ပါသည်။ သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၆၇ ဘီလျှံ ပိုင်ဆိုင်သူအဖြစ်ကမ္ဘာ့အချမ်းသာဆုံးနေရာမှာသူဆယ်စုနှစ်စွန်းသည်အထိရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ထိုသူကတော့ Microsoft ကွန်ပျူတာဆော့ဝဲလ်သူဌေးကြီး Bill Gates ။ Bill Gates ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေကရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မနှစ်ယောက်ရှိပါသတဲ့ ။ ၁၉၇၃ ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊ သို့သော်လည်း သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။
၁၉၇၅ နှစ်ကိုရောက်တော့ ကမ္ဘာကျော် မိုက်ခရိုဆော့ (Microsoft) ကွန်ပျူတာကုမ္ပဏီကိုတည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBMကွန်ပျူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။
မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman Bill Gates ။
Bill Gates အမေ ကျောင်းဆရာမက သူ့သား Bill Gates အား ငယ်ငယ်လေးထဲက ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့။
အမေ့စကားကြောင့်လားတော့မသိ Bill Gates တို့ ဇနီးမောင်နှံက ၂၀၀၀ ပြည့်နှစ်တွင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda Gates Foundation ။ မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄ ကိုရောက်လာတော့ ပရဟိတ ကို စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ မိုက်ခရိုဆော့ ကုမ္ပဏီကနေအလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈ ရက်နေ့တွင်တော့ တကယ့်ကိုပဲ မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။ သို့သော် Non- Executive
Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက် ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့သူသဘောတူခဲ့သည်။
အဓိကဘ၀အစိတ်အပိုင်းကတော့ ပရဟိတ လုပ်ငန်းတွေထဲမှာ နှစ်မြှုတ်ဖို့။
ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။ သူက ပိုင်ဆိုင်ထားသောဒေါ်လာ ၆၇ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။ သူ၏ သား နဲ့ သမီးကိုပင်အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍ လုံလောက်ပါပြီတဲ့။
ဘီလ်ကိတ်က ဌက်ဖျား နဲ့AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDSကာကွယ်ဆေးထုတ်ဖို့ ၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊ ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး စသည်..စသည်များ အတွက် ။
တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့် ထူထူထဲထဲ ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ မဟာဒုလ္လဘတရား၊။
အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော ကမ္ဘာ့သားများအတွက်တဲ့။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက် ဘီလ်ကိတ်၏ လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ ဖြစ်ပါသည် ။
Credit to Empat Mata
မောင်(စွယ်စုံကျမ်း)'s photo.

No comments:

Post a Comment