Wednesday, August 12, 2015

Android ဖုန်းကို root ဖောက်သင့်လား

Android ဖုန်းကို root ဖောက်သင့်လား၊ မဖောက်သင့်ဘူးလား


image
iOS jail break မ break ပြီးတော့ Android အကြောင်း ပြောရအောင်..Android ဆိုတာ Linux ကနေလာတဲ့ လူသုံးများ OS တစ်ခု ပမာပါပဲ။ မိုဘိုင်းဖုန်းတွေပေါ်မှာ run ဖို့အတွက် အဓိက ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Open source ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ System software ဖြစ်တဲ့အတွက် ပြင်လို့ရတဲ့အပိုင်းတွေ ရှိသော်ငြားလည်း ပြင်ခွင့်မပေးထားတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဥပမာ ROM space မျိုးတို့ ဆိုရင် ပြင်ခွင့်မပေးပါဘူး။ အထူးသဖြင့် display font language လည်း ပြင်ခွင့် မပေးပါဘူး။ လက်ရှိ Andriod နောက်ဆုံးထွက် ဗားရှင်းတွေဟာ မြန်မာစာ ယူနီကုဒ်ကို ထောက်ပံ့ပါတယ်။ ဒါပေမယ့် ဇော်ဂျီကို ဖတ်ချင်သူ၊ မြင်ချင်သူ၊ သုံးချင်သူများအတွက် ကျတော့ မအိုကေပါဘူး။ ဒါနဲ့ပဲ မြန်မာစာ ဖတ်ရဖို့က ရည်ရွယ်ချက် အဓိကဖြင့် root ကြ ပါတယ်။အကယ်၍ Samsung, HTC နဲ့ အခြားသော ဖုန်း brand အချို့က မြန်မာပြည် သီးသန့်ထုတ်တဲ့ အလုံးတွေဆိုရင်တော့ ဇော်ဂျီ ပါပြီးသား ဖြစ်ပါတယ်။ သူတို့ဆိုရင် အရေးအတွက်ကော ကီးဘုတ်၊ အဖတ်အတွက်ကော font ပါပြီးသား ဖြစ်တာကြောင့် root စရာ မလိုပါဘူး။ သူတို့က Zawgyi ကို Pre-install ထည့်ပေးခြင်းမျိုး ဖြစ်ပါတယ်။ဇော်ဂျီတစ်ခုအတွက်လည်း root ကြတာလည်း မဟုတ်ပါဘူး။ အခြားသော permission မပေးထားတဲ့ App တွေကို သုံးရန်အတွက်ကော၊ ROM နေရာတိုးဖို့ကော အခြားသော ရည်ရွယ်ချက်များစွာနဲ့လည်း root ပါတယ်။ Root လိုက်ရင် စာဖတ်လို့ရတာနဲ့ အထပ်ပါ အားသာချက်များ ရှိပေမယ့် အားနည်းချက်များလည်း ရှိပါသေးတယ်။ Warranty မရှိတော့တာမျိုး၊ software error ဖြစ်တာမျိုး၊ ဖုန်းလုပ်ဆောင်ချက် နှေးသွား တာမျိုး တို့လည်း ဖြစ်တတ်ပါတယ်။ကဲ ဒီတော့ Android ဖုန်း တစ်လုံးကို Root သင့်လား မ Root သင့်ဘူးလား ဆိုတာကို ဆွေးနွေးပေးကြ ပါအုံး…
Credit to : အောင်ခမ်း (MMAS)
    
                 M.I.A(နည်းပညာ)

No comments:

Post a Comment