Monday, February 1, 2016

ဆန်းကြယ်သော သေဆုံးမှုများကို အဖြေရှာခြင်း
**********************************************************************
ဘရုစ်လီနှင့် ကာရေဒင်တို့ကို အစဉ်လိုက်သတ်ခဲ့တဲ့ လူသတ်သမား
*********************************************************************
ကွန်ဖူးမင်းသားကြီး ဘရုစ်လီ သေဆုံးသွားခဲ့တာ နှစ် ၄ဝကျော်ခဲ့ပြီ ဖြစ်ပေမယ့် ဘရုစ်လီရဲ့သေ ဆုံးမှုက ပဟေဠိဆန်ဆန်ရှိနေခဲ့ပါတယ်။ ထောက်
လှမ်းရေး အေးဂျင့်တွေကတော့ ဘရုစ်လီဟာ နာမည် ကျော်ကြားသူတွေကိုပဲ ပစ်မှတ်ထားပြီး မတော်တဆသေ ဆုံးတဲ့ပုံစံ ဖန်တီးလုပ်ကြံနေတဲ့ လူသတ်သမားတစ်ဦးရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာလို့ ယုံကြည်နေကြပါတယ်။
FBI , Interpol, စကော့တလန်ရဲတပ်ဖွဲ့နဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ကရရှိတဲ့ အချက်အလက်တွေအရ တော့ ထောက်လှမ်းရေးအေးဂျင့်တွေဟာ ဂျော့ခ်လို့ခေါ် တဲ့ တရားခံလူသတ်သမားနောက်ကို ခြေရာခံလိုက်နေ တယ်လို့ သိရပါတယ်။
ထောက်လှမ်းရေးအေးဂျင့်တွေရဲ့ အဆိုအရ တော့ ဂျော့ခ်ဟာလီကို အဆိပ်ပါဝင်တဲ့ ဆေးခြောက်သုံး ထားတဲ့ စီးကရက်နဲ့ သတ်ခဲ့တယ်လို့ သိရပါတယ်။ မင်း သားကြီး ဘရုစ်လီဟာ ၁၉၇၃ခုနှစ် ဇူလိုင် ၂ဝ ရက်က ဟောင်ကောင်က မင်းသမီးတစ်ယောက်ရဲ့အိမ်မှာ သေ ဆုံးခဲ့တာပါ။ မင်းသမီးဘက်တီက အဲဒီအချိန်တုန်းက ဘရုစ် လီက ခေါင်းကိုက်တယ်ပြောလို့ အကိုက်အခဲပျောက်ဆေး (Equagesic)တိုက်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်း မှာတော့ ဘရုစ်လီကို နှိုးမရတော့လို့ ဆေးရုံပို့ခဲ့ရပါတယ်။
ဆေးရုံရောက်နောက်ကျခဲ့တဲ့အတွက် ဘရုစ်လီ ဟာ ဦးနှောက်သွေးခဲပြီး သေဆုံးခဲ့တယ်လို့ အလောင်းစစ် ဆေးတဲ့ ဆရာဝန်တွေရဲ့မှတ်ချက် ထွက်ရှိလာခဲ့ပါတယ်။
ဘရုစ်လီ သေဆုံးခဲ့ချိန်က အသက် ၃၂နှစ်သာ ရှိသေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကတော့ အပြည့် အဝ ရှိနေခဲ့ပါတယ်။ အခုချိန်မှာ ဂျော့ခ်နောက်ကို ခြေရာ ခံနိုင်ဖို့ နီးစပ်မှုရှိနေတဲ့ အရင်းအမြစ်တချို့က ဘရုစ်လီ အသတ်ခံရတာကို အတည်ပြုခဲ့ကြပြီးပါပြီ။ ထောက်လှမ်း ရေးအေးဂျင့်တွေရဲ့ အဆိုအရတော့ လူသတ်သမားဂျော့ခ် ဟာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ တရုတ်ဘာသာစကားကို ကျွမ်း ကျင်ပြီး ဂျက်လေယာဉ်ကိုလည်း မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး ခရီးသွားလာရာမှာ စစ်ဆေးမေး မြန်းမှုမရှိတဲ့ သံတမန်ပတ်စ်ပို့ကိုလည်း အသုံးပြုနိုင်ဖွယ် ရှိတယ်လို့ ယူဆကြပါတယ်။
ဂျော့ခ်ဟာ သူ့ရဲ့သားကောင်ပစ်မှတ်တွေဆီကို ကုန်သည်၊ စီးပွားရေးသမား၊ ပိုင်းလော့ စသဖြင့် ပုံစံအမျိုး မျိုးနဲ့ မိတ်ဆက်ပြီး ချဉ်းကပ်တတ်တယ်လို့ သိရပါတယ်။ ထောက်လှမ်းရေးအေးဂျင့်တွေက လူသတ်သမား ဂျော့ခ် ဟာ အခုဆို အသက် ၇ဝ ဝန်းကျင်ရှိပြီး အရှေ့တောင် အာရှမှာနေထိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ နောက် ပြီး ဂျော့ခ်ဟာ အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ် အနည်းဆုံး ၂၂ယောက်လောက်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့ သိရ ပါတယ်။
အသတ်ခံရတယ်လို့ယူဆရတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေထဲမှာ Kung Fu ဇာတ်ကားနဲ့ အောင်မြင်ကျော် ကြားတဲ့ သိုင်းပညာရှင် အမေရိကန်သရုပ်ဆောင်မင်းသား ကြီး ဒေးဗစ်ကာရေဒင်လည်း ပါဝင်ခဲ့ပါတယ်။ ဒေးဗစ် ကတော့ ၂ဝဝ၉ခုနှစ်က ဘန်ကောက်ဟိုတယ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေတဲ့ပုံစံမျိုးနဲ့ အသတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
GLOBE
Yangon Media Group's photo.

No comments:

Post a Comment