Monday, February 8, 2016

Note4 Lollipop Version ကိုမြန်မာအမှန်ပြုလုပ်နည်း

★ Note4 Lollipop Version ကို မြန်မာစာ အမှန်ပြုလုပ်နည်း★

Note4 V5.0.1 နှင့် V5.1.1 ကို  Root မဖောက်ပဲ Browser တိုင်းမှာ မြန်မာစာ အမှန်ရနိုင်သော နည်းလမ်းကို မေးထားသော မန်ဘာအတွက်(N910C နှင့် N910H)  2မျိုးလုံး မြန်မာစာ အမှန်ပြုလုပ်နည်းကို တင်ပေးလိုက်ပါတယ်။

Root ဖောက်ထားရင် မကြာခင် အပ်ဒိတ်လာတော့မယ့် Marshmallow Version ကို Official update မရတော့ပါ။

Root မဖောက်ပဲ Browser တိုင်းမှာ မြန်မာစာ အမှန်ရရန် ကွန်ပျူတာ(PC) နဲ့ ပြုလုပ်ပေးပါမယ်။CWM (ခ) TWRP သွင်းပြီး zawgyi zip ဖိုင်ကို Flash လုပ်ပေးရပါမယ်။

၁။ Odin ဆော့ဝဲလ်ကို ဒေါင်းပြီး ကွန်ပျူတာမှာ run လုပ်ပါ။

ဝင်ရန်>>>Download link

၂။ Samsung USB Driver ကို ဒေါင်းပြီး ကွန်ပျူတာမှာ run လုပ်ပါ။

ဝင်ရန်>>>Download link

၃။CWM/TWRP ဖိုင်ကို ဒေါင်းပြီး ကွန်ပျူတာရဲ့ မျက်နှာပြင်မှာ ထားပါ။(အလွယ်တကူရှာနိုင်ရန်) Zip မဖြည်ရပါ။

Note4 N910C အတွက်

Download link

Note4 N910H အတွက်

Download link

၎။ Totalsolution zawgyi zip ဖိုင်ကို ဒေါင်းပြီး SD ထဲထားပါ။(Zip ဖြည်ရန်မလို)

Download link

အားလုံးဒေါင်းပြီးပါက ဖုန်းမှ Setting>>Development Options >>USB Debugging>> ON ပေးပါ။ဖုန်းကို ပိတ်ပါ။

Power+Home Key+Vol Down ဖြင့် Download Mode ခေါ်ပါ။ တတ်လာရင် Vol up တစ်ချက်နှိပ်ပါ။

ကွန်ပျူတာမှ Odin ကို ဖွင့်ပြီး USB Cable ဖြင့် ဖုန်းကို ချိတ်ပါ။ AP ရှေ့မှာ အမှန်ခြစ်ပေးပြီး အဲ့နေရာမှာ ဒေါင်းထားသော TWRP ဖိုင်ကို ရွေးပေးပါ။ Start နှိပ်ပါ။ Odin မှာ Pass အစိမ်းရောင်ပြပြီး ဖုန်း reboot ကျသွားပါမယ်။

ဖုန်းကို ပြန်ပိတ်ပြီး Power+Home key+Vol up ဖြင့် CWM ခေါ်ပါ။ Install ကို ရွေးပြီး External SD ကို ရှာပါ။ SD ထဲမှ Totalsolution zawgyi zip ဖိုင်ကို flash လုပ်ပါ။(ဘယ်မှညာသို့် ပွတ်ဆွဲပါ)

ဖုန်းကို reboot လုပ်ပေးပါ။ ဖုန်းပြန်တတ်လာရင် နေရာတိုင်း(Browserတိုင်း)မှာ မြန်မာစာ အမှန် မြင်နိုင်ပါပြီ။

အဆင်ပြေပါစေ

Credit>>>မူရင်းပိုင်ရှင်

No comments:

Post a Comment