Monday, February 1, 2016

Saw Aung Chan Thar's photo.
Saw Aung Chan Thar to နဂါးရုံဘုရားနှင့်သိုက်ဆက်ဓာတ်ဆက်နက်ဆက်အင်းစမဗေဒင်အကြောင်းပြောသူများ
မိန်းကလေးများအတွက် သီးသန့်ဗေဒင်
မိန်းကလေးများအတွက် သီးသန့်ဗေဒင် (စစ်မှန်တဲ့ လက်တွဲဖေါ်ကို ရှာဖွေနိုင်ပါစေနော်)
မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။ မိန်းခလေးတွေအတွက်သီးသန့်ပါ။
အရွယ်ရောက်တဲ့ မိန်းခလေးတွေကအစ အရွယ်လွန်အပျိုကြီးတွေ၊ တခါတရံ တခုလပ၊် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ၊ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေ ရှိပါလိမ့်မယ်။ ရင်ခုန်ရတာတဖက်၊ ကြည်နူးရတာတမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့။ ဒီပညာလေးက လွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့။ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်လေ။

အဆင့်(၁)
ကိုယ့်ကို ချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့ သင်္ချာဂဏန်း တွဲပြထားပါတယ်။
ဗျည်း ကိုသာ ယူပါတယ်။
အမည် ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇
ဥပမာ - ကို အောင်ကျော်ဌေး ဆိုပါတော့။ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး = အ + က + ဌ = ၁ + ၂ + ၇ = ၁၀
ဒီသဘောပါပဲ။ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။
အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကိုယ့်ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထားပါ။
မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇
ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင်... ဆိုလိုတာက (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်...
မိမိက ကြာသပတေးနေ့မှာ မွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက် = ၂၅
ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာနံ = ကြာသပတေး = ၅
အသက် + မွေးနံသင်္ချာ = ၂၅ + ၅ = ၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့် (၁) က ရလဒ်နဲ့ ချစ်ရေးဆိုခံရသူရဲ့ အသက်နှင့် မွေးနံသင်္ချာ ပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး (၇) ဂဏန်းနဲ့ စားပါ။ အကြွင်းကိုကြည့်ပါ...။
အဆင့် (၁) ရလဒ် = ၁၀
အဆင့် (၂) ရလဒ် = ၃၀
၂ ခုပေါင်း = ၁၀ + ၃၀ = ၄၀
၄၀ ကို ၇ နဲ့စားပါ။ အကြွင်းက ၅ ပါ...။
အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကိုယ့်ကို ချစ်စကားဆိုသူ က ၂ ယောက်၊ ၃ ယောက်ဆိုရင် သူတို့ နာမည်တွေနဲ့ တွက်ကြည့်ပေါ့နော့်။ နောက်ဆုံး ရတဲ့အကြွင်းကို ကြည့်ပြီး လိုရာသုံးပေရော့...။
အကြွင်း ၁။ ။ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ၊ ရင်ဆိုင်စရာ မိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာအဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ဖက်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ။
အကြွှင်း ၂။ ။ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကိုယ့်ကို ချစ်နေတာ။ သနားဖို့ ကောင်းပါတယ်။ သူ့ဘ၀၊ သူ့အချစ်၊ သူ့မေတ္တာ အားလုံး ကိုယ့်ကိုပုံပေးပြီး အဖြေတုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား၊ ကိုယ်လိုလားတဲ့ အခြေအနေများရှိရင် လက်ခံသင့်တဲ့သူပါ။ တစ်ခုတော့ရှိတယ်နော်။ သူက တကယ်လက်ထပ်မှာလို့ပဲ ပြောတာ။ ကိုယ်က မစဉ်းစားသေးဘူးဆိုလည်း သူက နေက်ဆုတ်သွားမှာပါ။ အနှောက်အယှက် မပေးပါဘူး။
အကြွင်း ၃။ ။ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့၊ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့ မေးလိုက်တော့။ မျက်နှာများတဲ့သူပဲ။ ကိုယ့်ကို သဘောကျ တွဲချင်တာပဲ ရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့ မဟုတ်ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်
မသိ။ ကိုယ်က လက်ခံမိရင် ကိုယ့်အပြင် သူနောက်ထပ်တစ်ယောက် တွဲနေတာတို့၊ ကိုယ့်ကို ပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်။ မိတ်ဆွေလောက်နဲ့ပဲ ရပ်ထားဖို့ကောင်းပါတယ်။
အကြွင်း ၄။ ။ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကိုယ့်ကို မြတ်နိုးနေတာမှ သဲသဲလှုပ်ပဲ။ ကိုယ့်အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အရှိန်ယူ ရပုံပဲ။ ကိုယ့်အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင်၊ အသိုင်းအ၀န်း၊ သူ့အနေအထားတွေကို ထည့်တွက်ပေမဲ့ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကိုယ့်သဘော ကိုယ့်အလိုတကယ်လိုက်ပြီး ကိုယ့်မျက်နှာအညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ။ လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့။
အကြွှုင်း ၅။ ။ရပါက သူကိုယ်တိုင်တောင် ဒီစကားပြောတာ သေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကိုယ့်ကိုချစ်လိုက်၊ တစ်ခါတလေ ကိုယ့်ကိုမေ့ထားလိုက် လုပ်မှာပါ။ ရည်းစားစကားပြော၊ ချစ်ခွင့်ပန်ပြီး အဲဒီစကားပဲ သူမပြောသလိုလို၊ တခါလောက်ပြောပြီး ကိုယ်က မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား၊ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား ဆိုတာကို လေ့လာပြီး သူ့စိတ်၊ သူ့ပါတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အဆင်ပြေပါ့မလား တွေးကြည့်ပေါ့။ ငြင်းစရာမရှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ်၊ ကိုယ်ကချစ်နေပြီး မဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး။
အကြွင်း ၆။ ။ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူဆိုတာ သတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန် တည်ငြိမ်ပါတယ်။ ကိုယ်မှတပါး နောက်တစ်ယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ် ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား၊ ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။ တကယ်လက်ထပ်သင့်တဲ့သူပေါ့။ သူက သိပ်ချစ်တတ်တဲ့သူ။ ကိုယ်အလိုကို တကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကိုယ်မိဘ၊ ကိုယ့်အသိုင်းအ၀ိုင်း၊ သူ့မိဘ၊ သူ့အသိုင်းအ၀ိုင်းသာ စပ်ဟပ်လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့။
အကြွင်း ၀။ ။ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။ သူ့အချစ်နဲ့ ကိုယ်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း၊ ဒီမရှင်း အရှုပ်ထုတ်ထဲ ကိုယ့်ပါ ဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီသာမှတ်။ ရှေးစကားနဲ့ပြောတာ မှတ်မိသေးတယ်။ ဒူးနဲ့ မျက်ရည်သုတ်နေရမယ်။ သူ့ချစ်စကားကလဲ မဟန်။ ချစ်ရေးဆိုပုံကလည်းတစ်မျိုးနဲ့ မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့ ဘ၀ပါပျက်တတ်ပါတယ်။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များသွားမတွဲနဲ့။ ယူလို့လဲမကောင်း၊ မယူမိရင်လဲ နောက်ကလိုက်နှောင့်ယှက်၊ ဒုက္ခပေးပြီး အရှက်ခွဲမယ့်သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။
ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။
ချစ်သူရှိပြီးသားလူတွေနဲ့ ပတ်သတ်ပြီး တွက်ကြည့်ချင်ရင် တစ်ဖက်လူ ကိုယ့်ကို ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ်အသက်မှာ ဘယ်နာမည်မျိုးနဲ့လူက အချစ်စစ် ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော်။

No comments:

Post a Comment