Monday, February 1, 2016

New Myanmar News's photo.
New Myanmar News
သွေးတိုးရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်များ
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
သွေးတိုးရောဂါသမားများ အောက်ပါ နည်းလမ်း(၁၀)မျိုးကို လိုက်နာကျင့်သုံးပါက ဆေးထိုး၊ ဆေးသောက်စရာမလိုပဲ
သွးတိုးရောဂါကို သက်သာစေနိုင်ပါသည်။
(၁) ပိုတက်စီယမ်ဓါတ်ပါဝင်သော ဒိန်ချဉ်၊ ထောပတ်သီး၊ မှို၊ ငှက်ပျောသီးစသည့် အစားသောက်များကို စားပါ။
(၂) ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။
(၃) သွေးပေါင်တက်ခြင်းဟာ ၀ိတ်တက်တာနဲ့ တွဲနေတတ်ပါတယ်။ ထို့ကြောင့် ၀ိတ်ချပါ။ ဗိုက်မရွှဲပါစေနဲ့။
(၄) အငံဓါတ်၊ ဆားဓါတ်များကို လျှော့စားပါ။
(၅) အရက်ကို ဖြတ်နိုင်လျှင်အကောင်းဆုံးပါ။ မဖြတ်နိုင်ပါက လျှော့သောက်ပါ
(၆) ကော်ဖီကိုလည်း ဖြတ်လို့မရရင် လျှော့သောက်ပါ။
(၇) ကွမ်းယာနဲ့ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က ကိုယ်ထဲရောက်ပြီးရင် သွေးပေါင်ကို ၁၀ မီလီမီတာနဲ့အထက် တစ်နာရီလောက်တက်စေတာမို့ ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်ပါ။
(၈) စိတ်သောကတွေကို လျှော့ချပါ။ တရားမှတ်ခြင်းက သောကတွေကိုနည်းစေပြီး သွေးပေါင်ချိန်တက်တာကို ထိန်းနိုင်ပါတယ်။
(၉) သွေးပေါင်ချိန်ပုံမှန်လုပ်ပြီး ဆရာဝန်နဲ့ မှန်မှန်ပြပါ။
(၁၀) မိသားစုနဲ့ မိတ်ဆွေတွေကို တိုင်ပင်ပါ။ မိသားစုနဲ့ မိတ်ဆွေတွေက ကိုယ့်အတွက် အကောင်းဆုံးအကြံဥာဏ်တွေကို ပေးနိုင်ပါတယ်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား - မြန်မာနှလုံးဖောင်ဒေးရှင်း
Credit-စောနွဲ့ နေဆိုင် - ပူတာအို
‪#‎ဆေးနည်း‬
❣❄❦မောင်သုတ(NMN)❄❦❣

No comments:

Post a Comment