Monday, February 1, 2016

မွန်လူမျိုးတို့၏ ရိုးရာ ဓလေ့ ယဉ်ကျေးမှု ထုံးတမ်း
==============================
မွန်တို့သည် မွန်ခမာလူမျိုးအနေဖြင့် ယန်စီကျန်မြစ်ဝှမ်းတွင် နေထိုင်စဉ်ကတည်းက မိမိတို့ ကိုယ်ပိုင်ယဉ်ကျေးမူနှင့် နေလာခဲ့သူများ ဖြစ်လေသည်။
ယန်စီကျန်မြစ်ဝှမ်းမှ ထိုင်းနိုင်ငံတောင် ပိုင်းနှင့် မြန်မာပြည်အောက်ပိုင်းတွင် အခြေချနေထိုင်သောအခါတွင်လည်း အိန္ဒိယတိုင်းရင်းသား ကုန်သည်များနှင့် ထိတွေ့ပြီး
အိန္ဒိယယဉ်ကျေးမူကိုလည်း မိမိကိုယ်ပိုင်ယဉ်ကျေးမူနှင့် သင့်လျော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမူအဖြစ်သို့ပြောင်းလဲယူကြကုန်၏။
မွန်တို့သည် ထိုအိန္ဒိယတိုင်းရင်းသား လူမျိုးများထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသားသည့်အတတ်၊ အုပ်ချုပ်မှု နှင့် နေထိုင်ဝတ်ဆင်ဆက်ခံမူများ စသော အလေ့အထများကို ရရှိကြလေသည်။
နောက်ပိုင်းတွင်ဗုဒ္ဓဘာသာ အယူဝါဒကို ရရှိပြန်လေသည်။
မွန်တို့သည် အခြားသောရှေးဟောင်း လူမျိုးများနည်းတူ လက်ဦးအစတွင် ကိုးကွယ်ယုံ ကြည်မူ၌ သဘာဝတရား၏ ထူးခြားချက် အံ့သြဖွယ်အချက်အလက်များကို ကြောက်ရွံ့ကြသဖြင့် နတ် ကိုးကွယ်မူကို ယုံကြည်ခဲ့ကြသည်။
ထို့နောက်မှ ဟိန္ဒူဘာသာအယူဝါဒနှင့် ဗုဒ္ဓအယူဝါဒများကို ဆက်လက် လက်ခံလာကြသည်။
ဗုဒ္ဓပယူဝါဒကို လေးလေးနက်နက် လက်ခံယုံကြည်ကြသော်လည်း အချို့မွန်တို့သည် နတ်ကိုးကွယ်မူကို ယခုတိုင်ဆက်လက် ဆက်ခံလျက်ရှိသည်ကို တွေ့ရလေသည်။
ထို့ကြောင့်အချို့  မွန်တို့သည် ပဋိသန္ဒေတည်စအချိန်တွင်၊ ကင်ပွန်တပ်ရာတွင်၊ လူပျိုဝင်ချိန်များတွင် နတ်တို့က ကြည့်ရှစောင့်ရှောက်ရန် နတ်တို့အား ပူဇော်ပွဲကို ပြုလုပ်ကြလေသည်။
မမာမကျန်းဖြစ်ပေါ်လာ သောအခါတွင်လည်း နတ်တို့က ကူညီကုသပေးရန် နတ်ကခြင်းအမူကိုလည်း ပြုလုပ်ကြလေ သည်။
မွန်လူမျိုးတို့ကို အုပ်စုသုံးခုခွဲပြီး မွန်ဒိုင် ၊ မွန်ဒ ၊ မွန်ည ဟူ၍ ခေါ်ဆိုကာ
မွန်ဒိုင်မှာဒဂုံ ဟံသာဝတီတွင် နေထိုင်သောမွန်ဖြစ်ပြီး ကိုးကွယ်သောနတ်မှာ အုန်းသီးနတ်ဟူ၍ သတ်မှတ်ကြ လေသည်။
မွန်ဒ မှာပုသိမ်မြို့တွင်နေထိုင်သူများ ဖြစ်ကြပြီး နတ်အဝတ်အစားကို သိမ်းဆည်းထား ပြီး ကိုးကွယ်သူများဟု ဆိုလေသည်။
မွန်ည အုပ်စုမှာ မုတ္တမ ဒေသတွင်နေပြီး နတ်အိမ်ဆောက်၍ နတ်ကိုးကွယ်သော သူများဟု သတ်မှတ်ကြလေသည်။
အုပ်စုသုံးစုလုံးမှ မွန်တို့သည်မိမိတို့နတ်များကို ကိုးကွယ်သည့်အလျောက်နတ်ကသောအခါတွင်လည်း အတူတူလောက်ပင်ကကြသည်ကိုတွေ့ရသည်။
မွန်နတ်ပွဲတွင် အနည်းဆုံးနတ်အမျိုး (၃၀)လောက်ရှိလေည်။ အချို့နတ်ပွဲအမျိုးပေါင်း (၁၀၀) အထိနတ်များလည်း ရှိသည်ဟုဆိုလေ သည်။
နတ်ဆိုင်းတီးရာတွင်လည်း နတ်တစ်မျိုးနှင့် တစ်မျိုးမတူသကဲ့သို့ ဆိုင်းတီးလုံး တီးကွက် မှာလည်း မတူသည်ကို တွေ့ရလေသည်။ နတ်တစ်မျိုးအတွက် ဆိုင်းတစ်မျိုးတီးပေးရသည်ဟု ဆို လိုသည်။
မွန်ပုံပြင်တွင် တွေ့ရှိရသော ဦးရှင်ကြီး (နဲာဒကောင်ပိုန်) နတ်နှင့် ပဲခူး ဟံသာဝတီသမိုင်းတွင် တွေ့ရှိရသော နံကရိုင်းနတ်တို့သည် မွန်နတ်များပင်ဖြစ်သော်လည်း
ယခုအချိန်တွင် မြန်မာ တစ်ပြည်လုံးလောက်တွင် ကိုးကွယ်ပူဇော်ခြင်းခံရသော နတ်များ ဖြစ်လေသည်။
နံကရိုင်းနတ်ဆို သည်မှာ အသားမင်းသားအား ကြည့်ရှူစောင့်ရှောက်ထားသော ကျွဲပေါင်းငါးရာတို့၏ အကြီးအကဲ ကျွဲမကြီး သေဆုံးပြီးနောက် နတ်ဖြစ်နေသည်ကိုဆိုလိုသည်။
ပထမတွင်နံကရိုင်းကျွဲမ နတ်အား တစ်နှစ်တစ်ခါ ပူဇော်ပွဲပြုလုပ်ရာတွင် ကျွဲတစ်ကောင်ကို သတ်ဖြတ်ပြီး ပူဇော်ကြလေသည်။
နောင်သောအခါကျွဲတစ်ကောင်ကို ပူဇော်ရန် အခြေအနေမပေးသော အခါ၌ နံကရိုင်းနတ်ကို ပူဇော်လေ့ရှိသောမွန်တို့ကကျွဲအစား ငါးရံတစ်ကောင်ကိုယူပြီး နဖားထိုးကာ ၊ ကျွဲသဏ္ဍာန်ပြုလုပ် ပြီး ပူဇော်သည်ကို ငါးရံ့နဖားထိုးနတ်အား ပူဖော်သည်ဟူ၍ ခေါ်ဝေါ်ကြလေသည်။
ထို့ကြောင့် ငါးရံ့နဖားထိုးပြီးနတ်ပူဇော်သူများကို မွန်အဆက်အနွယ်များ ဟူ၍ သတ်မှတ်ကြလေသည်။
နိုင်ထွန်းသိန်း၏ မွန်အကြောင်းသိကောင်းစရာ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။
Credit to မွန်တို့ဌာနေရာမည.

No comments:

Post a Comment