Wednesday, October 28, 2015

Myint Zaw's photo.
Myint Zaw with Ko Myintzaw
မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့် မဇ္ဈိမတို့ မကြားသေးခင်က တွေ့ဆုံမေးမြန်းမှုအတွင်း လာမည့်ရွေးကောက်ပွဲ အခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်အမြင်၊ သမ္မတ ဦးသိန်းစိန် အပေါ်အမြင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် အမြင်များကို မေးမြန်းဖြစ်ခဲ့သည်။ မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းမှုတွင် “ဒေါ်စုကို ချစ်တယ်ဆိုတဲ့လူတွေ ကျုပ်လောက် ချစ်နိုင်မလား” ဟု တန်ပြန် မေးခွန်းထုတ်ခဲ့သည်။
အလားတူ “ဦးသိန်းစိန် ကိုထောက်ခံတယ်။ ချစ်လို့ထောက်ခံတယ်လို့မထင်နဲ့ နိုင်ငံရဲ့ အကောင်းဆုံး လမ်းကြောင်း သူသွားနေလို့ ပုဂ္ဂိုလ်ရေးအရဆိုရင် ကျူပ်ကို သင်္ဃန်းချွတ်ပြီး ထောင်ချခဲ့တဲ့ အဖွဲ့ထဲမှာပါတဲ့ အစိုးရခေါင်းဆောင် ကျုပ်အသေအလဲကို မုန်းတယ်။ ဒါပေမဲ့ ကျုပ် အမျိုးသားရေး မျက်စိနဲ့ကြည့်ပြီးတော့ ကျုပ်သူ့ကိုလက်ခံမိတာ” ဟုလည်း ဆိုခဲ့သည်။ ယခု အပိုင်းသည် နောက်ဆုံးပိုင်းဖြစ်သည်။
ဗုဒ္ဓဘာသာ ရဟန်းတော်တွေက နိုင်ငံရေးသမားတွေကို ထောက်ခံလို့ရပါသလား။ တရားဥပဒေနဲ့ ညီညွတ်မှု ရှိပါသလား။
နံပါတ်တစ်ကတော့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ခဲ့တာ ခေတ် အဆက်ဆက်က ပေါ့နော်။ ဥပမာ ဆိုကြပါစို့ စစ်အစိုးရ လက်ထက်တုန်းက စည်းရုံးလို့ ရတာ ဆိုလို့ ဘုန်းကြီးကျောင်းတွေဘဲ ရှိတယ်လေ ဘုန်းကြီးကျောင်းတွေ သံဃာတော် တွေကို လာပြီး ကန်တော့ရင်းနဲ့ ပြည်သူနဲ့ ထိတွေ့ခွင့် ရတယ်လေ။ မိန့်ခွန်းတွေ ပြောခွင့်ရတယ်။ ဘုန်းကြီးတို့က ကျောင်းပေါ်က နိုင်ငံရေး စည်းရုံးကြတယ်။ ဒါကို စစ်အစိုးရက မကြိုက်ဘူး။ နိုင်ငံရေးနဲ့ ဘာသာရေး မရောစေနဲ့ သံဃာတော်တွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် မရှိစေနဲ့ဆိုပြီး တားမြစ်ခဲ့တယ်။
အဲ ဒီကနေ့ကျတော့ ပြောင်းပြန်ဖြစ်သွားပြီ အစိုးရနဲ့ သံဃာအများစုနဲ့က အမြင်တူတယ်။ ဒီလုံခြုံရေး လမ်းကြောင်းဘက်မှာ ပဲ ရပ်တည် နေကြတယ်။ ဒါပေမယ့် ဒီကနေ့ သံဃာအများစုဟာ နိုင်ငံရေးပါတီနားမှာ မရှိတော့ဘူး။ အဲဒီတော့ ဦးဇင်းတို့လို သမာ သမတ်ပြောတဲ့ သူတွေကျတော့ အပြစ်မြင်လာကြတယ်။ နိုင်ငံရေးလောက က အဲဒီချိန်မှာ သူတို့က အဲစကားကို ပြန်သွားပြီးတော့ သံဃာတွေ နိုင်ငံရေးမှာ ပတ်သက်မှု မရှိစေနဲ့ စည်းကမ်းကြီးနဲ့ ပြန်ကိုင်တာပေါ့။ သို့သော်လည်းပဲ NLD ပါတီနဲ့ ထဲထဲဝင်ဝင် ဆက်ဆံနေတဲ့သူ တိုက်ရိုက်အားပေးနေတဲ့ ဘုန်းကြီးတွေကိုတော့ ဒီနိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးစေနဲ့ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမချလို့နဲ. ဘယ်သူ တစ်ဦးတစ်ယောက်ကမှာ မပြောကြဘူး။ အခု ဦးဇင်းအမြင် အနာဂတ်အတွက် ဦးသိန်းစိန်က ရွေးချယ်တာကတော့ ဒီစကားနဲ့ပဲ ၀ိုင်းပြီးတော့ တိုက်ခိုက်နေကြတာပေါ့နော်။
အဲတော့ ဦးဇင်းကလည်း နိုင်ငံရေး အသိုင်းဝိုင်းကို ပြန်ပြီး မေးခွန်းထုတ်ချင်တယ်။ သံဃာတော်တွေဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်ခွင့် မရှိတော့ဘူးလား။ သံဃာတွေဟာ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးခွင့် မရှိတော့ဘူးလား။ ဟို လွတ်လပ်ရေး မရခင်သာ သံဃာတော်တွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရှိတာလား။ လွတ်လပ်ရေး ရပြီး သံဃာတွေ နိုင်ငံရေးမှာပါဝင် ပတ်သက်ခွင့် မရှိတော့ဘူးလား။ ဒီမိုကရေစီ မရခင်သာ သံဃာတွေဟာ အသက်သွေးချွေးတွေနဲ့ ပေးဆပ်ခွင့် ရှိတာလား။ ဒီမိုကရေစီ ရပြီးတဲ့အခါ နိုင်ငံရေးနဲ့ သံဃာတွေ လုံးဝ မပတ်သက်ဘူးဆိုပြီး သံဃာတော်တွေကို ချောင်ထိုးမှာလား အဲတာလေး မေးချင်တယ်။
သုဝဏ္ဍမှာ နောက်ဆုံးလုပ်တဲ့ မဘသညီလာခံမှာ ဆရာတော် အရှင်ဥာဏိဿရ ပြောတာတွေနဲ့ အရှင်ဘုရား ရိုက်တာ သတင်းဌာနကို ပြောတာတွေက ဆန့်ကျင်ဘက် ဖြစ်နေတာပေါ့နော်။ အဲတာလေး တပည့်တော် သိချင်လို့ပါဘုရား။
သီတဂူဆရာတော်ကြီးက နယ်မကျော်နဲ့ ဆိုတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေပဲ လုပ် အစိုးရနဲ့ အတိုက်အခံ မလုပ်နဲ့ အတိုက်အခံလုပ် လုပ်ရင် မစ္စတာအီးဂဲက ကုတ်မှာ။ ခုဆိုရင် ဖေ့ဘုတ်မှာတောင် တက်ကုတ်နေပြီ။ အဲတော့ မဘသ ကို ချထားတဲ့ မူဘောင်ထဲကလုပ် မ.ဟ.န အလုပ်တွေကို သွားမရှုပ်နဲ့။ ၀င် မ စွက်ဖက်နဲ့။ မ.ဟ.န ရဲ့ အလုပ်တွေကို ၀င်ရောက် စွက်ဖက်ရင် မ.ဘ.သ ကပြုတ်မှာ။ အဲတာတွေကို ရည်ရွယ်တာပါ။ ဦးဇင်းတို့က နိုင်ငံတော် သံဃာမဟာနာယက သြ၀ါဒကို ခံယူပြီး ဖွဲ့ထားတာ။ မ.ဟ.န ကလည်း နှစ်ချက်ပြောထားတယ်။ သူတို့ လုပ်နေတဲ့ အလုပ်တွေကို ၀င်မစွက်ဖက်ဖို့ပေါ့။ ဥပမာ စာမေးပွဲတွေ ကျင်းပတာတို့ မှုခင်းရေးရာတို့ပေါ့။ နောက် ကျောင်းပြဿနာ၊ မာတုဂါမ ပြဿနာတွေ ဖြေရှင်းတာ။ အဲဒီဟာတွေကို မ.ဘ.သ က ၀င်ရောက် မစွက်ဖက်ဖို့ နောက်တစ်ခုက နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်ချင်ရင် လုပ် ခွင့်ပြုတယ်။ ဒါပေမယ့် မ.ဟ.န နဲ့ ဆွေးနွေးတိုင်းပင်ပြီးမှလုပ် အဲနှစ်ချက်ကို မူချပေးထားတာ။
အရှင်ဘုရားက မူဆလင်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို ကန့်သတ်ဖို့ ပြောခဲ့ပါတယ်။ အဲသလို ပြောဆိုခြင်းဟာ တစ်ခြားဘာသာတစ်ခုရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို ၀င်ရောက်စွက်ဖက်ရာ မရောက်ဘူးလား ။
ပါဏာတိပါတာ ဝေရမဏိဆိုတဲ့ နိုင်ငံမှာ နေတာဗျာ။ သာသာရေး အဆောက်အအုံလို့ ခံယူထားတဲ့ ဗလီထဲမှာ ပြောင်ပြောင်တင်းတင်း သားသတ်တယ်ဗျာ။ သူတို့ကကော ဒီအိမ်ရှင် နိုင်ငံသူ နိုင်ငံသားကို လေးစားရမယ့်တာဝန်မရှိဘူးလာ။ သူတို့တတွေဟာ တိုင်းရင်းသူ တိုင်းရင်းသားနဲ့ တန်းတူအခွင့်အရေးလိုချင်ပြီဆိုရင် လူ့အခွင့်အရေးကို အကြောင်းပြ၊ တိုင်းရင်းသူ တိုင်းရင်းသားထက် အခွင့်အရေးပိုလိုချင်ပြီဆိုရင် ဘာသာ တရားကို ခုတုံးလုပ်တယ်။ အဲတော့ ကျုပ်တို့နိုင်ငံငြိမ်းချမ်းဖို့နဲ့ ကျုပ်တို့ လူမျိုးလုံခြုံဖို့ အတွက် ဒါတွေ သူတို့နဲ့ ညှိရမယ်လေ။ ဒါတွေ ကျုပ်တို့ တောင်းဆိုရမယ်လေ။
အရှင်ဘုရား တိုင်းမ် မဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရား အမြင်ဘယ်လို ရှိသေးလဲဘုရား။
နံပါတ် ၁ ကတော့ တော်တော့ကို ကျေးဇူးတင်မိတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီတိုင်းမဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့က မလွယ်ဘူး။ ပိုက်ဆံပေးထည့်တောင် မလွယ်ဘူး။ တိုင်းမဂ္ဂဇင်း မျက်နှာဖုံးပါ လိုက်လို့လဲ ကမ္ဘာကြီးက မူဆလင်အန္တရာယ်ကို သတိပြုမိသွားတာပေါ့။ ဘုရားသားတော်တစ်ပါးကို ကမ္ဘာက သိအောင် ရွပ်ရွပ်ချွံချွံ ဖြစ်ပေါ်လာတယ်။ နောက်တစ်ခုကတော့ တိုင်းမဂ္ဂဇင်းပြောတဲ့အတိုင်း ဟုတ်မဟုတ် လာကြည့်တဲ့ သတင်းဌာနတွေ နိုင်ငံတကာ ဧည့်သည်တွေက ဦးဇင်းကို မြင်တော့ ဦးဇင်းကို ဆွေးနွေးတယ်။ တိုင်းမဂ္ဂဇင်းပြောတာ မဟုတ်ဘူးလို့ သူတို့ ပါးစပ်ဖျားက နေပြီးတော့ ပေါ်ထွက်လာကြတယ်။ အဲဒီအထဲမှာ တူရကီနိုင်ငံပါ ပါတယ်။ အဲဒီအတွက် တိုင်းမဂ္ဂဇင်းက ကျေးဇူးတင်စရာ ကောင်းတာပေါ့နော်။
Retuers အပေါ် အရှင်ဘုရားအမြင်ကကော ဘယ်လိုရှိပါသလဲ ဘုရား။
မီဒီယာ မှန်သမျှကတော့ ဦးဇင်းအပေါ်မှာ မကောင်းကြပါဘူး။ ပြည်တွင်းကော ပြည်ပကော မကောင်းကြပါဘူး။ တိုင်းမ် မဂ္ဂဇင်းနဲ. ဒီလိုဖြစ်နေတဲ့ အချိန်မှာ နောက်တစ်ခါ LA Time ရောက်လာတယ်။ အမျိုးသမီးပဲ၊ LA တိုင်းကလည်း ထပ်ဆော်တယ်။ Independent ရောက်လာတယ်။ အမျိုးသမီးပဲ၊ Independent ကလည်း ထပ်ဆော်တယ်။ Independent ဆိုရင် ခင်ဗျား ဒီဓာတ်ပုံရိုက်တဲ့ သူကတစ်ယောက်၊ သတင်းယူတဲ့သူက တစ်ယောက်၊ သီးခြားလာတာနော်။ ဓာတ်ပုံရိုက်တဲ့လူကလည်း ဓာတ်ပုံလေးပဲ လိုချင်တာပါ။ သတင်းမမေးပါဘူး။ အင်တာမဗျူးပါဘူး။ ခွင့်ပြုတော့ ရိုက်သွားတာပေါ့။ ဟိုဟာလည်း ဓာတ်ပုံမရိုက်ပါဘူး။ ဒီစာရေးရုံသက်သက်ပါ။ ဒါပေမယ့် အဲဒီနှစ်ယောက် ပေါင်းတယ်။ ဆော်တာပဲ။
အဲဒီမီဒီယာတွေအပေါ်မှာ အရှင်ဘုရားရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
သူတို့က မီဒီယာသမားဘ၀ကို မေ့နေတယ်၊ မီဒီယာရဲ့ ကျင့်ဝတ်တွေကို မလိုက်နာတော့ဘဲနဲ့ မီဒီယာကို လက်နက်တစ်ခုလိုသဘောထားပြီးတော့ အပြစ်မဲ့တဲ့လူတွေကို တိုက်ခိုက်နေတာပေါ့နော်။ အဲလိုပဲ ဦးဇင်းက မြင်တာပဲ။
တပည့်တော်အပေါ်မှာကော အရှင်ဘုရားက ဘယ်လိုမြင်မှာလဲ ဘုရား။
ပွင့်ပွင့်လင်းလင်း မေးတာတော့ ဦးဇင်းကကြိုက်ပါတယ်။ အခုလိုကတိပေးတာလည်း ဦးဇင်းက ကျေးဇူးတင်တာပေါ့။ သို့သော်လည်းပဲ ခေါင်းစဉ်တပ်တဲ့အခါကျတော့ လိုရာဆွဲ ရေးတာပေါ့။ ခေါင်းစဉ်အကောက်တော့ မလွဲစေနဲ့ပေါ့နော်။ ပြည်တွင်းမီဒီယာတွေက ဦးဇင်းအပေါ် အမြဲ တိုက်ခိုက်ကြပါတယ်။
အရှင်ဘုရားက UN အထူးကိုယ်စားလှယ် မစ်စရန်ဟီးလီး အပေါ် ဆဲဆိုတဲ့ စကားလုံးတွေ သုံးထားပါ တယ်။ မစ်စရန်ဟီးလီးအပေါ်မှာ အရှင်ဘုရားရဲ့ အမြင်ဟာ ပြောင်းသွားပါပြီလား။
မတူတော့ပါဘူး။ မတူတော့ဘူးဆိုတာက နောက်တစ်ကြိမ်သူလာတဲ့အခါ အပိုးကျိုးသွားတာပေါ့။ ဒီလို တွန်းတွန်းတိုက်တိုက်တွေ သူမလုပ်တော့ဘူး။ ပြောရမယ်ဆိုရင် သူတို့ကို သူတို့ သိက္ခာဆယ်ရမယ့်အနေနဲ့ အဲဒီလို အဆိုပြုလို့လိုင်းတွေကို ထပ်ရွေးလိုက်ကြတာပါ။ ကုလသမဂ္ဂကို ပြန်ပြီးတော့ အဖတ်ဆယ်တဲ့အနေနဲ့ ထပ်ရွေးတာပါ။ တကယ်တမ်းသူတို့လည်း ရန်ဟီးလီး ကို မရွေးသင့်တော့ဘူးဆိုတာ သူတို့အားလုံးသိပါတယ်။ အဲဒီတော့ အပိုးကျိုးသွားတာ ဖြစ်တဲ့အတွက်ကြောင့် ဦးဇင်းက အရင်လိုပုံစံမျိုးမြင်တော့ မမြင်တော့ပါဘူး။
USDP နိုင်မယ်ဆိုရင် အရှင်ဘုရား ဘယ်လိုခံစားရမလဲ ဘုရား။
တကယ်တမ်းကျတော့ USDP ကလည်း နိုင်ခြေ မရှိပါဘူး။ သို့သော်လည်းပဲ အခြေခံဥပဒေအရ သူတို့က မနိုင်လဲ နေရာမြဲပါတယ်။ သူတို့က တည်ငြိမ်တာပေါ့ ဒါကြောင့်မို့လို့ သူတို့က သိပ်ပြီးတော့ ခက်ခက်ခဲခဲ မဖြစ်ဘူး။ ဒီဘက်ကတော့ ချန်ပီယံကို အလဲထိုးဖို့ အသည်းအသန် ရုန်းကန်နေရတယ်။
အကယ်၍ NLD သာ နိုင်ခဲ့မယ်ဆိုရင် အရင်ဘုရားဘယ်လိုမြင်မလဲ။
နိုင်စေချင်တာကြာပြီ။ နိုင်စေချင်လို့ ဦးဇင်းတို့က အပြုသဘောနဲ့ထောက်ပြခဲ့တာ။ ဒါပေမဲ့ သူတို့တွေက ဒီမိုကရေစီမဆန်ဘူး။ အပြုသဘောနဲ့ ထောက်ပြတာကို ရန်သူလို့ သတ်မှတ်ကြတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းကိုက ပါတီရဲ့အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်၊ Plan တွေဆွဲပြီးလုပ်ရင် ဒီလောက်ပြာယာမခတ်ဘူး။
ကျူပ်က အဲဒီကတည်းက ချပြတာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ချိန်ပီယံကို ဖြိုဖို့အတွက် Traning တွေ လုပ်ရမည့်အစား ချန်ပီယံခါးပတ်ရ ရင် ငါ့ခါးနဲ့တော်မှ တော်ပါ့မလား၊ ချန်ပီယံ ခါးပတ်ကို ကိုယ့်ခါးနဲ့တိုင်းပြီး ချုပ်ခိုင်းတာ ကျုပ်အဲ့ကတည်း က သူတို့ကို အားမရတာ။ ကျုပ်တို့က နိုင်စေချင်တာ ရှုံးစေချင်တာမဟုတ်ဘူး။ အမျိုးစောင့် ဥပဒေအရင်ဆုံး အားကိုးတာ NLD ကိုအရင်ဆုံးအားကိုးတာ။ NLD က လူ့အခွင့်အရေးနဲ့ မညီဘူးလို့ ပယ်ချခဲ့လို့ အစိုးရဆီရောက်လာတာ။ အဲဒီတော့ သမ္မတကြီးက အခုချိန်အထိ အမှာစကား တစ်ခွန်း မရှိဖူး သေးဘူး။
ဦးသိန်းစိန် ကိုထောက်ခံတယ်။ ချစ်လို့ထောက်ခံတယ်လို့မထင်နဲ့ နိုင်ငံရဲ့ အကောင်းဆုံး လမ်းကြောင်း သူသွားနေလို့ ပုဂ္ဂိုလ်ရေးအရဆိုရင် ကျူပ်ကို သင်္ဃန်းချွတ်ပြီး ထောင်ချခဲ့တဲ့ အဖွဲ့ထဲမှာပါတဲ့ အစိုးရခေါင်းဆောင် ကျုပ်အသေအလဲကိုမုန်းတယ်။ ဒါပေမဲ့ ကျုပ် အမျိုးသားရေး မျက်စိနဲ့ကြည့်ပြီးတော့ ကျုပ်သူ့ကိုလက်ခံမိတာ။ ပုဂ္ဂိုလ်ရေးရဆိုရင် ကျုပ် ဒေါ်အောင်ဆန်းစုကြည်ကို အရူးအမူးချစ်တယ်။ ဒါပေမဲ့ အမျိုးသားရေးမျက်စိနဲ့ ကျုပ်ဘေးဖယ်ထားတယ်။ ကျုပ်အခန်းထဲမှာဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဒီမှာအပြည့် ဟိုမှာအပြည့်။
ဒေါ်စုအပေါ် ပုဂိုလ်ရေး မုန်းတီးမှု ရှိပါသလား ဘုရား။
ဒေါ်စုကို ချစ်တယ်ဆိုတဲ့လူတွေနဲ. ကျုပ်ပြိုင်ချင်တယ်။ ကျုပ်လောက်ချစ်နိုင်မလား၊
ရွေးကောက်ပွဲ မတိုင်ခင်မှာ မဘသအဖွဲ့အစည်းအနေနဲ့ တခြားထပ်ပြီးတော့ အခမ်းအနားတွေလုပ်ဖို့ ရှိဦးမလား အရှင်ဘုရား။ သုံးပတ်လောက်ပဲ ကျန်တဲ့အချိန်မှာ
မဘသက ဘာအစီအစဉ်မှ မရှိပါဘူး။ ရွေးကောက်ပွဲနဲ့ မဘသနဲ့ လည်း မဆိုင်ဘူး ။

No comments:

Post a Comment