Thursday, January 14, 2016

Mie Mie Kyaw and 3 others shared Lwin Pyin's photo.
Lwin Pyin's photo.
Lwin Pyin
ငလျင်လှုပ်သော် (လူတိုင်းဖတ်သင့်သောဆောင်းပါး)
--------------------
အခု အချိန်မှာ... သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေကြတာကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....။
တကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်.... ပျာယာမခတ် ပဲ လုပ်ဆောင် သင့် သည်များကိုအချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........။
အဓိက အသက်ကယ်နည်းများ
--------------------
လူ၏သဘာဝအတိုင်း ငလျင် လှုပ်မှန်းသိလျှင် ထွက်ပြေးချင်သည်။ မပြေးပါနှင့်။
အိပ်ယာပေါ်တွင်လှဲလျောင်း နေခိုက် ငလျင် လှုပ်လျှင် လှဲမြဲလှဲနေပါ။
ထိုင်နေဆဲလှုပ်လျှင် ထိုင်မြဲထိုင်နေပါ။
ရပ်နေစဉ်ငလျင်လှုပ်လျှင် တစ်ခုခုကို မှီထားပါ သို့မဟုတ် ထိုင်ချလိုက်ပါ။
တစ်ထပ်အဆောက်အဦတွင်နေသူများ ကွက်လပ် ရှိရာကို ထွက်ပါ။
ထွက်စရာမရှိလျှင် မိမိအိမ်ထဲရှိ ထမင်းစားစာပွဲ၊ စာကြည့်စာပွဲ။ ကုတင် စသည့် ခိုင်ခန့်သည့် ပရိဘောဂများ အောက်သို့ ၀င်နေပါ။
အိမ်ရှိကလေးများကို တစ်စုတစ်ဝေးတည်း ရှိနေပါစေ။
၂ ထပ်နှင့် အထက်တွင်နေသူများ လှေကား ကို ဂရုစိုက်ပါ။ လှေကားပြို ကျတတ်သည်..။
ညအချိန်ငလျင်လှုပ်လျှင် လှေကားရှိရာသို့ အပြေးမသွားမိပါစေနှင့် ဓါတ်မီး အလွယ်တကူ ဆောင်ထားပါ..။
မိမိကိုယ်ပိုင်အိမ်ပင်ဖြစ်သော်လည်း လှေကား ပြိုကျပြီး ဖြစ်နိုင်သည်ကို သတိထားပါ..။
အိပ်ယာအနီးတွင် သောက်ရေဗူးနှင့် စားစရာအချို့ ယူထားပါ..။
ငလျင်လှုပ်ချိန်တွင် ပြေးစရာ အခြေအနေမပေးလျှင် မိမိရှိနေရာ အဆောက်အဦး၏ အတွင်းနံရံတွင် ကိုယ်ကိုကပ်ထားပါ။
မန္တလေးတွင်နေသူ အတော်များများထံတွင် မော်တော်ဆိုင်ကယ်စီးဦးထုတ် ရှိကြပါသည်။ မိမိအနီးတွင် ဆောင်ထားပါ..။ ငလျင်လှုပ်၍ ပြိုကျခြင်း များရှိခဲ့ပါက ဆိုင်ကယ်စီး အန္တရာယ်ကာ ဦးထုတ်ဆောင်းထားခြင်းဖြင့် သက်သာနိုင်သည်။
ဦးထုတ်ဆောင်းလျှင် မေးသိုင်းကြိုး တပ်ပါ..။ ဦးထုတ်မရှိလျှင် အခန်း တွင်းနံရံကို ကပ်၍ ရပ်နေချိန်တွင် ခေါင်းအုံးကို ခေါင်းပေါ်တင်ထားပါ..။
မိမိအပေါ်တစုံတခု ပြိုကျပြီး ပိနေလျှင် အတင်းမရုန်းပါနှင့် အသက် ၀အောင်ရှူနိုင်အောင်သာ ကြိုးစားပါ.။ မိမိထံ အကူအညီတစ်စုံ တစ်ယောက်ရောက်သည်အထိစောင့်ပါ..။
အသံပြုနိုင်ပါက တိတ်ဆိတ်ချိန်ကို စောင့်ပြီး အသံပြုပါ်..။ ကူညီသူ များရောက်လာပါက မိမိတွင် သတိရှိနေ လျှင် ဝေဒနာအများဆုံး နေရာကို ပြောပြပါ။ အနှောင်အဖွဲ့ အကျဉ်းအကျပ်မှ လွတ်လာ သော် လည်း မိမိတွင် ဒဏ်ရာ တစုံတရာ ရှိထားပါက ရေကိုသတိထားပြီး အာစွတ်ရုံသာ သောက် ပါ။ အတွင်းဒဏ်ရာ ရနေနိုင်သောကြောင့် ဖြစ်သည်။
ကူညီသူများအနေနှင့် စေတနာနှင့် ကူညီကြခြင်း ဖြစ်သော်လည်း မိမိအတွက် အကာအကွယ်ကို လုံလောက်အောင် ဦးစွာ ပြင်ဆင်ပြီးမှ ဒုက္ခရောက် နေသူ။ ပိနေသူ များကို ကူညီပါ။ အရဲမကိုးပါနှင့်။ ပြိုလက်စ အဆောက်အဦအတွင်းသို့ အလောတကြီး မ၀င်ပါနှင့်။
သဘာဝဘေးအန္တရာယ်ကြုံလျှင် လိုက်နာ စရာ များစွာရှိသော်လည်း အခြေခံ အချက် များကို သတိရှိစွာ လိုက်နာနိုင် လျှင် လုံလောက်ပါသည်။
သွားရင်းလာရင်းခေါင်းမူးလာလျှင် ချက်ချင်း ထိုင်ချလိုက်ပါ..။
ကားမောင်း၊ဆိုင်ကယ်၊စက်ဘီးစီး နေစဉ် ငလျင်လှုပ်လျှင် မိမိမောင်းနှင် နေသော ယာဉ်ကို ရပ်လိုက်ပါ..။
---------------
(အပိုလမ်းညွှန်)
အောက်ဖော်ပြပါဆောင်းပါးသည် အဆောက်အဦ မခိုင်ခန့်သော နေရာဒေသများ ပြိုလွယ်ပျက်လွယ် သော အရပ်ဒေသများအတွက် သီးသန့် ဖြစ်သည် ကို သတိချပ်စေလိုပါသည်။
-------------------
ကျွန်တော့်နာမည်က ဒေါက်ဂ်ကော့ပ် ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့ အကြုံ အရင့်ဆုံး ကယ်ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူးကို ရရှိထား သူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွား သွား ဝင်ရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၆၀) ကျော်က ကယ်ဆယ် ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာ ဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေကို တောင် တည်ထောင် ပေးခဲ့ဖူးပါတယ်။
၁၉၈၅ ခုနှစ် နောက်ပိုင်းမှာ ကမ္ဘာပေါ် မှာဖြစ်ပျက်သမျှ အကြီးစား သဘာဝ ဘေးအန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။
၁၉၈၅ ခုနှစ်၊ မက္ကဆီကို စီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော် ကျောင်းတစ်ကျောင်း ထဲကို အရင် ဆုံး တွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသား ကလေးငယ်အားလုံး သူ တို့တွေရဲ့ စာသင်စားပွဲ တွေ အောက် မှာရှိနေ တဲ့ မြင်ကွင်းပါပဲ။ ဒါပေမဲ့ ကလေးတွေအားလုံး အရိုး တွေ စိစိ ညက်ညက်ကြေတဲ့အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ဖွယ် မြင်တွေ့ ခဲ့ရပါတယ်။
တကယ်လို့သာ ကလေး ငယ်တွေဟာ အခန်း အလယ်လျှောက် လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံ တွေနဲ့ ဘေး ကပ်လျက် လဲလျောင်း နေခဲ့ကြမယ်ဆိုရင်တောင် အသက် ဆုံးရှုံးချင်မှ ဆုံးရှုံးကြ ရမှာ ပါ။ အရှင်းဆုံးပြောပါမယ်။ အဆောက်အအုံ တစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့အလေးချိန်ဟာ ပရိဘောဂ တွေ ရဲ့ အပေါ်တည့်တည့်ကို သက်ရောက်တာကြောင့် အောက် တည့်တည့် မှာရှိတဲ့ အရာဝတ္ထု အားလုံး ကြေမွသွားကြပါတယ်။ ဒါပေမဲ့ အဲဒီ အပျက်အဆီး ပုံရဲ့ဘေးနေ ရာလေးတွေကတော့ ဂလိုင် များ အဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာလွတ် ကို ကျွန်တော်က "အသက်ကယ်တြိဂံ" လို့ အမည်ပေးထားပါတယ်။
အရာဝတ္ထုတစ်ခုဟာကြီးမား တောင့်တင်းလေ ပိုမိုခိုင်ခံ့လေ ဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်းပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ် ထဲမှာ ဘေးမသီ ရန်မခနေ ထိုင်နိုင်ဖို့ အခွင့်သာ သွားစေပါတယ်။ ငလျင် ကြောင့်ပြိုပျက်နေတဲ့ အဆောက် အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံ တွေကို လိုက်ပြီး ရေတွက် ကြည့်ပါ။ ပြိုပျက် နေတဲ့ အဆောက် အအုံတစ်ခု အထဲမှာ အတွေ့ရအများဆုံး ဂျီဩမေတြီ ပုံသဏ္ဌာန် ကတော့ တြိဂံဖြစ်ပြီး နေရာ တကာမှာ တွေ့ရပါလိမ့်မယ်။
[ဘေးရန်ကင်းဖို့ လက်တို့ အညွန်း]
ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ ရှိတာ ကို မြင်ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေ သင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်း လုံခြုံရေး အသိပညာ ပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ် သေးသေး လေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ ထုထည်ကြီးကြီးအရာ တွေဘေး မှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုး ရှိတတ်ပါတယ်။
ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက် ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ် ဗီရိုကြီးကြီး ဘေးမှာ ခွေခေါက်ပြီးနေလိုက်ပါ။
တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့ သူတွေဟာ သေဆုံးကြ ရပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငလျင် လှုပ်လို့ ကျည်းဘောင်ပြုတ် ထွက် သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာ တွေ ပြိုကျ လာနိုင်လို့အခန့်မသင့်ရင် ခန္ဓာ ကိုယ်နှစ်ပိုင်း ပြတ်သွားနိုင် ပါတယ်။
လှေကားခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး အောက်မှာ ရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင် ဘူး ဆိုရင်တောင် ထွက်ပြေး နေတဲ့သူ တွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ် စစ်ဆေး သင့်ပါတယ်။
ငလျင်လှုပ်ချိန်မှာ မော်တော် ယာဉ်တွေအတွင်း ဝင်ရောက် ပုန်းအောင်း သူတွေဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲက ထွက်လာပြီး ကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင် တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိသူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက် ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ် တြိဂံပါပဲ။
(မှတ်စုကြမ်း)

No comments:

Post a Comment