Saturday, December 19, 2015

နန္ဒမာလာဘိဝံသ's photo.
Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ's photo.
Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ
ချမ်းမြေ့သာယာတဲ့ ဘ၀၊ အေးချမ်းသာယာတဲ့ ဘ၀မှာ နေဖို့ရာအတွက် လိုအပ်ချက်တွေက ဘာတွေလဲ၊ တချို့က
“ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာရင် ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေနိုင်မယ်” လို့ တွက်ကောင်း တွက်မယ်၊ “၀င်ငွေ ကောင်းတဲ့ အလုပ်အကိုင်တွေ ရှိထားရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ်” လို့ ထင်ကောင်း ထင်လိမ့်မယ်၊ “အဆင်ပြေနေတဲ့ လူမှုရေးဘ၀မှာ နေရလို့ရှိရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ်” လို့ ထင်ကောင်း ထင်လိမ့်မယ်။
တကယ်တော့ လောကအရေးတွေ မည်မျှပင် အဆင်ပြေနေနေ စစ်မှန်တဲ့ နည်းစနစ်တစ်ခု မရှိဘဲနဲ့ သောကကင်းတဲ့ဘ၀၊ ဒေါမနဿ ကင်းတဲ့ဘ၀၊ ချမ်းမြေ့သာယာတဲ့ဘ၀မှာ နေရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ ချမ်းမြေ့တဲ့ဘ၀ကို နေနိုင်မှာ မဟုတ်ပါဘူး။
ချမ်းမြေ့သာယာတဲ့ဘ၀ကို နေချင်ရင် အခု မြတ်စွာဘုရား ဟောတဲ့ “သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်၊ ဒီလို ဆိုရင်တော့ ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀မှာ နေနိုင်မှာ ဖြစ်တယ်။
ဘယ်လို အခက်အခဲ ဘယ်လိုပြဿ နာ နဲ့ ပဲ ကြုံကြုံ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ အင်မတန်မှ အရေးပါတယ်၊ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိရင် ခုနပြောတဲ့ မိမိမလိုလားအပ်တဲ့ အခြေအနေ တစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လူ့ရဲ့ စိတ်နှလုံးဟာ တုန်လှုပ်ချောက်ချားပြီး ငြိမ်းချမ်းသာယာမှုတွေ အားလုံးဟာ ဆုံးရှုံးသွားနိုင်တယ်။
ဒီလို ဆုံးရှုံးမသွားရအောင် မြတ်စွာဘုရားက နေနည်း ထိုင်နည်းကို ယခုလို ဟောတော်မူထားတာ၊ “သတော ဘိက္ခဝေ ဘိက္ခု ၀ိဟရေယျ သမ္ပဇာနော” - “သတိမကွာ အသိပညာဖြင့် နေပါ” ၊ “အယံ ဝေါ အမှာကံ အနုသာသနီ” - “ဒါဟာ ငါ ဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲ ဖြစ်တယ်” တဲ့။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
‪#‎AshinNandamalabhivamsa‬
“သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း” တရားဒေသနာတော်မှ။
www.drnandamalabhivamsa.com.mm

No comments:

Post a Comment