Saturday, December 19, 2015

ကလေးဆရာတော် အရှင်ကဉ္စနောဘာသ's photo.
ကလေးဆရာတော် အရှင်ကဉ္စနောဘာသ's photo.
ကလေးဆရာတော် အရှင်ကဉ္စနောဘာသ's photo.
ကလေးဆရာတော် အရှင်ကဉ္စနောဘာသ's photo.
ကလေးဆရာတော် အရှင်ကဉ္စနောဘာသ's photo.
ကလေးဆရာတော် အရှင်ကဉ္စနောဘာသ added 5 new photos.Follow
တစ်ဇွန်း ဆန် ဂျွန်းပြန်အောင်ခံ
=====================
ဆရာလေး ဆွမ်းခံ ပြန်လာပြီး
ဆွမ်းခံရ တဲ့ ခံစားချက် နဲ့ သီလရှင် တို့
ရဲ့ဘဝ ကို သိရှိနိုင် အောင် ဒီစာလေး ရေး
ဖြစ်တာပါ။

တော်တော်များများ သီလရှင် ဆို သိတ်အ ရေး
တယူ မလုပ်တတ် ဘူးလို့ကြားဖူး တာ ပါ။
ဒါ ပေမဲ့ ဆရာလေး က တော့ သူများ အရေးတယူ
လုပ်ဖို့ သီလရှင် ဝတ်ခဲ့တာမဟုတ်လို့ မခံစားဘူး။
သီလရှင် ဆိုတာ လဲ ဘုရားသမီး ပါဘဲ ဘုန်းကြီးမှ
ဘွဲ့ရ မှဆိုတဲ့ အ တွေးအ ခေါ် ရှိတဲ့ လူမျိုး တွေလဲ
ဆရာလေး မိတ်ဆွေထဲ သိတ်မရှိဘူး။
အားလုံးသာသနာ အတွက် မိမိ သေခြင်းကောင်းဖို့
အတွက် လုပ်ကျတဲ့ သူအချင်းချင်း ခွဲခြားနေဖို့ မလိုပါ။
သီလရှင် ဘဝ ဆွမ်းဆန် ခံရမယ် မြတ်စွာဘုရား ရဲ့
ချ မှတ် ထားတဲ့ စည်းကမ်း အတိုင်း လိုက်နာရမယ် လို့
ခံယူတယ်။ ဘုရင့်သား ဘုရင်ဖြစ်မည့် ဘုရားတောင်
ဆွမ်းခံတာ မိမိ က ဘာမို့လဲ ဆရာသမားတွေက တော့
ဖြစ်မှ ဖြစ်ပါ့မလား စိတ်ပူပြီး နေတာပါ။
ဆွမ်းခံ ထွက်ဖို့ မနက် ၄ နာရီထ ဆွမ်းချက် ဘုရားဆွမ်း
တော်ကပ် ရှိခိုး တရား၁နာရီ ထိုင် အာရုံဆွမ်းစားပြီး
မနက် ၆ နာရီ ခွဲ စထွက် ကြပါတယ်။ မြို့ထဲ ကို Bus စီး
ပြီး ဆေးရုံ ရပ်ကွက် ဆင်းပြီး စ ဆွမ်းခံ ကြပါတယ်။
တချို့ အိမ်တွေက အိပ်ယာမထ သေး ပါ။ လောင်းနေကျ အိမ်
များကို မှတ်သားပြီး ဆရာလေးတွေ ခမျာ ဆွမ်းရပ် ရပါတယ်။
သာသာခြားအိမ် မဖြစ်ဖို့ လဲ ဂရုစိုက်ရပါတယ်။ စိတ်ထဲ မှာတော့
ဗဟုသုတ ကြောင့်ပျော်နေတာ ပါ။ တချို့တွေက ချမ်းသာပေမဲ့
ကန်တော့ ဆွမ်း လို့ တောင် မ ပြောတတ်ကြပါ။ မသိသလို ပါ။
တချို့ ဘိန်းမုန့် ဆိုင် အသုပ်ဆိုင် က လေး နဲ့ ဆင်းရဲ ကြ ပေမဲ့
၅၀ ၁၀၀ လောင်းသေးတယ်။ သူတို့ မြတ်ရော မြတ်ပါ့ မလား?
စိတ်ပူမိတယ် စိတ်မ ကောင်းဖြစ်မိတယ် ပြန်ပေးခဲ့ ချင်မိတယ်။
ဈေးတန်း ထဲ ရောက်တော့ လောင်းသူလောင်း ကန်တော့ဆွမ်းက
များပါတယ်။
လောင်းသူ မ လောင်းသူ စိတ်ကြည်ဖြူ စွာ တစိတ်ထဲ မေတ္တာ ပို့သ
ပေးခဲ့ပါတယ်။ စိတ်ကိုသာ သတိထား ကြည့်မိနေပါတယ်။
ဆွမ်းခံချိန် က ၃နာရီ လောက် ကြာတော့ ခြေညောင်းလာတယ်။
ဒီထက်ဆိုးတာက ဆန်ပါတဲ့ မောင်းတောင်ချိုင့် ကို ပိုက်ထား တဲ့
လက် က ပို ဝေဒနာ တက်လာတယ်။ နေက လဲ ပူလာပြီလေ။
ဒါပေ မဲ့ ဆရာသမား က ကိုယ့် ကို အားနာနေတော့ မခံစားသလို
လေး နေပြရတယ် မ ပြောရဲ ပါ ညောင်းပြီပြန်စို့ လို့…တကိုယ်လုံး
ချွေး နစ်နေ ပါ ရောလား။့
အပြန်ကားစောင့် ရင်း တွေးမိတယ်။ သူများချွေး နဲစာ စားနေရတဲ့
ဘဝ ပေါ့ပေါ့ နေလို့ မ တော်ဘူး နော် ဆိုတာပါ။ ဆရာသမားကို ပြော
တော့ ဆရာသမားက ဒါ ကြောင့် တရားအားထုတ် သာသနာအလုပ်ကို
ပေါ့တန်တန် မလုပ် နဲ့ ကိုယ့် မှာ အပြစ် ကြီးကြောင်း ကိုဆုံးမ ပါတယ်။
ဆွမ်းခံရ တဲ့ ခွဲတန်း ကို ဆရာသမားအားပြန်ကန်တော့ ခဲ့ပါတယ်။
သန်လျင်က ဆရာကြီးဒေါ်ဝဏ သိင်္ဂီ က အနာဂါမ်ဆရာသက်ကြီးစခန်း
က တရားပြ အလွန်တော်တဲ့ ဆရာလေးရဲ့ ဆရာသမားပါ။
ကျောက်တန်း ဆရာကြီး ဒေါ်စန္ဒာဝတီ နဲ့ ဆွမ်းခံရတာက တော အရပ်
ဒေသ လေးမို့ ဆင်းရဲ သူများ ပါတယ်။ နေအိမ် လေးတွေ ချို့တဲ့ ပေမဲ့
သဒ္ဒါ တရားမချို့တဲ့ တာ တွေ့ ခဲ့ရ ပါတယ်။ ဘာသာ သာသနာ အကျိုး
သယ် ပိုးနေကြတဲ့ သီလရှင် ဘဝ တွေ ဟာ တရက် ဆွမ်းခံရတာကို
တပါတ် တာ လောက်ငှ အောင် စားကြ ရ ပါတယ်။ လွယ်ကူတဲ့ အလုပ်
မဟုတ်မှန်း ကိုယ်တိုင်ခံစား ခဲ့ ၍ ရေးသားတင်ပြ ပေးလိုက်ပါတယ်။
့ သီလရှင်မြင်လျှင် ကန့်တော့ဆွမ်း ပါ လို့ မပြောမိကျ ဖို့ မေတ္တာရပ်
ခံပါတယ် ။ တဖက်တလမ်းက သာသနာပြုကြ ပါစို့
ဒေါ်စန္ဒာသီရိ

No comments:

Post a Comment