Yangon Media Group added 2 new photos.
ဝမ်းတွင်းမှဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ၁၂ နှစ်ကျော်သည်အထိ ရုပ်ကလာပ်တော် မပုပ်မသိုးဘဲရှိနေ
==================================================
သူသူထက်လွင်၊ ဦးမောင်ရွှေ

မန္တလေးတိုင်းဒေသ ကြီး ဝမ်းတွင်းမြို့နယ် မြောက်ကိုင်းကျေးရွာ အုပ်စု မြောက်ကိုင်းကျောင်း ဆရာတော် ဘဒ္ဒန္တအာဘသမထေရ်မြတ်၏ ရုပ်ကလာပ် တော်သည် ပျံလွန်တော်မူချိန်မှ ယနေ့ ၁၂ နှစ်တာ ကာလအတွင်း ထူးခြားမှုအဖြစ် မပုပ်မသိုးဘဲရှိနေပြီး ယခုအခါ အသား များသည် ကျောက်သားကဲ့သို့ မာကျစ်လာ ကြောင်း သွားရောက်ဖူးမြော်သူများထံမှ သိရသည်။
အဆိုပါရုပ်ကလာပ်တော်ကို ဝမ်းတွင်းမြို့နယ် မြောက်ကိုင်းကျောင်းတိုက် တွင် ထားရှိပူဇော်ထားပြီး သွားရောက်ဖူး မြော်လိုသူများ ဖူးမြော်နိုင်မည်ဖြစ်သည်။
''ဆရာတော်ဘုရားရဲ့ ရုပ်က လာပ်တော်ကို မှန်စီရွှေချ စံကျောင်းဆောင် နဲ့ ထားရှိထားတာ တွေ့ရပါတယ်။ ကျောက် ပုံစံအတိုင်း ခြောက်နေတယ်။ လိုက်ပို့တဲ့သူ တွေက ဝါဆိုသင်္ကန်း ကပ်လှူတယ်။ မပုပ် မသိုးဘဲ၊ အနံ့မရှိဘဲ ဖြစ်နေတာ ထူးခြားပါ တယ်။ ဆရာတော်က ၁၃၆၅ ခုနှစ် နတ် တော်လပြည့်ကျော် ၁၃ ရက် တနင်္ဂနွေ နေ့မှာ ပျံလွန်တော်မူခဲ့တယ်။ အခု မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ်ဆိုရင် နှစ်ပေါင်း ၁၂ နှစ်ရှိပါပြီ။ ဒီနေ့အထိ မပုပ်မသိုး၊ ကျောက်သားလို မာကျောလာတာ ဖြစ်ပါ တယ်''ဟု ကိုယ်တိုင်သွားရောက် ဖူးမြော် သူ မကွေးမြို့ အလက(၁)မှ ဆရာဦးမောင် ရွှေက ပြောသည်။
ဆရာတော်၏ ရုပ်ကလာပ်တော် ကို ဝါဆိုသင်္ကန်းလဲပေးရန် မလိုက်သော အခါ ကျောက်သားလို မာကျစ်နေပေမယ့် အလေးချိန်မှာ ပေါ့ပါးနေကြောင်း သိရ သည်။
''ရွာသားတွေနဲ့အတူ ဆရာတော်ရဲ့ ခေါင်းတလားကို ဖွင့်တယ်။ ဆရာတော်ကို သင်္ကန်းလဲပေးတော့ ဆရာတော်ရဲ့ရုပ်ကလာပ်က မာကျောပေမယ့် ပေါ့ပေါ့လေးဖြစ်နေတယ်လို့ ကိုယ်တိုင်သင်္ကန်းလဲပေးတဲ့ ရွာသား တွေက ပြောပြတယ်။ ဒီလိုမျိုးဖြစ်တာ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာအားကောင်းလို့ ဖြစ်ရတာ ပေါ့။ ကြည်ညိုလေးစားပါတယ်။ နောက်ထူးခြားချက်တစ်ခုက
သူ့မွေးနေ့၊ မွေးလမှာပဲ ဆရာတော် ပျံလွန်တော်မူ ခဲ့တယ်''ဟု ယင်းက
ဆက်ပြောသည်။
ဆရာတော် ဦးအာသဘ လောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၇၄ ခုနှစ် နတ်တော်လပြည့်ကျော် ၁၃ ရက် တနင်္ဂနွေညတွင် တောင်ငူခရိုင် အုတ်တွင်း
မြို့နယ် ညောင်ခြေထောက်အရှေ့ဘက် သုံးမိုင်ခန့်အကွာ မြက်နီကွင်းရွာ၌
ခမည်းတော် ဦးသာညို၊ မယ်တော် ဒေါ်ကြေးတို့မှ ဖွားမြင်ခဲ့ပြီး
၁၃၆၅ ခုနှစ် နတ်တော်လပြည့် ကျော် ၁၃ ရက် တနင်္ဂနွေနေ့မှာ သက်တော် ၉၁ နှစ်ပြည့်၊ ဝါတော် ၇၂ ဝါမြောက်တွင် ဘဝနတ်ထံ ပျံလွန်တော်
မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ အတ္ထုပ္ပတ္တိကထာစာအုပ်တွင်
ဖော်ပြထားသည်။

No comments:
Post a Comment