Pages - Menu

Pages

Monday, July 13, 2015

ပစ္စည်းဥစ္စာသုံးစွဲနည်းနှစ်မျိုး

http://itking969.blogsport.com
===================
ပစ္စည်းကို သုံးစွဲခြင်းမျိုးသည် နှစ်မျိုးရှိပြန်၏။
ဗုဒ္ဓဘာသာတရားတော်နည်းလမ်းအရ တမလွန်
သံသရာအတွက်မျှကို ငဲ့ကွက်၍ လှူဒါန်းပေးကမ်း
ခြင်းတစ်မျိုး၊ မျက်မှောက်၌အမျိုးသားတို့၏ အကျိုး
ဖြစ်ထွန်းမည့် အချက်တို့ကိုကြည့်ရှု့လျက် လူများ
အပေါင်းတို့ အကျိုးရှိမည့်အရာ၌ ရှည်ကြာစွာရှိလေ
အောင် ရွက်ဆောင်သောအားဖြင့် သုံးစွဲခြင်းတစ်မျိုး၊
ဤနှစ်မျိုးပင်ဖြစ်လေသည်။
နောက်တမလွန်သံသရာအတွက် သက်သက်ကိုသာ
ကြည့်၍ သုံးစွဲခြင်းမှာ ဗုဒ္ဓဘာသာမှန်သမျှတို့ ထိုက်
သည့် အားလျော်စွာ သိကျွမ်းကြပြီး ဖြစ်လေသည်။
ယခုမျက်မှောက်မှာ များစွာသော လူအပေါင်းတို့၏
အကျိုးဖြစ်ထွန်းစေရန်အတွက် အသုံးအစွဲပြုလုပ်ခြင်း
ဆိုသည်မှာ မိမိတို့နိုင်ငံမှာ မဖြစ်ထွန်းသေးသော
ပညာများကို ဖြစ်ထွန်းလေအောင်၊ မရွက်ဆောင်နိုင်
သော အရာများကို ရွက်ဆောင်နိုင်အောင် ပစ္စည်း
နှင့် ဖြည့်စွက်၍ ထောက်ပံ့ခြင်းဖြစ်လေသည်။
ဥပမာ မြန်မာနိုင်ငံမှာ အမျိုးသားတို့က ထူထောင်
သော အခမဲ့ ပညာသင်ကျောင်းငယ်ကလေးများ
ကို ထူထောင်ခြင်း၊ အခနှင့် ဖြစ်စေကာမူ ဟိုက်စကူး
ခေါ်သောကျောင်းနှင့် ကောလိပ်သိပ္ပံကျောင်းကြီးများ
ကို တည်ထောင်ခြင်း၊ လက်မှုပညာကျောင်းကြီးများ
ကို တည်ထောင်ခြင်း၊ အမျိုးသားတို့နှင့်သက်ဆိုင်၍
နိုင်ငံလုံး အကျိုးရှိမည့်အရာများကို ဖြစ်ဖြစ်မြောက်
မြောက်ရွက်ဆောင်နိုင်အောင် ငွေပင်ငွေရင်းအဖြစ်
ဖြင့် စုဆောင်းထောက်ပံ့၍ ထားခြင်း၊ ဤအရာများ
သည် မျက်မှောက်ဒိဋ္ဌမှာပင် အကျိုးများသော
သုံးစွဲခြင်းများဖြစ်လေသည်။ စိတ်နှလုံးဖြူစင်ကောင်း
မွန်စွာနှင့်ပြုလုပ်ပါလျှင်ထိုအရာများသည်လည်း
ကုသိုလ်တရားကို ဖြစ်ပွားစေနိုင်သဖြင့်တမလွန်
သံသရာအတွက်လည်း အကျိုးကျေးဇူးများလေ
သည်။
အလှူအတန်းသဘောမျိုးပေးကမ်းစွန့်ကြဲမှု သဘော
မျိုးမဟုတ်ပင်မဟုတ်စေကာမူ အတ္တဟိတ မကင်း
သော အလုပ်ရုံကြီးတစ်ခုခုတည်ထောင်ခြင်းသည်
လည်း လူအများတို့အား အကျိုးရှိသောသုံးစွဲခြင်းပင်
ဖြစ်၏။ အလုပ်ရုံကြီးတစ်ခုတည်ထောင်လိုက်လျှင်
လူပေါင်းများစွာ အကျိုးဖြစ်ထွန်းနိုင်၏။ ငွေကို
မပျှမ်းမျှသော်လည်း အလုပ်ကိုပျှမ်းမျှ၍ပေးလိုက်
လျှင်ပင် ငွေပေးသည်နှင့်အတူတူပင်ဖြစ်၏။
မြန်မာနိုင်ငံမှာ ထိုက်သည့်အားလျော်စွာ လူပေါင်း
များစွာကို အလုပ်ရရှိစေ၍ အကျိုးဖြစ်ထွန်းစေနိုင်
သော မြန်မာအမျိုးသားတို့က တည်ထောင်ဖွင့်လှစ်
သော အလုပ်ရုံကြီးများဟူ၍ ပြောဆိုလောက်ရအောင်
မရှိသေးချေ။ လက်လုပ်လက်စားဆိုသကဲ့သို့ မိမိတို့
အလုပ်ကလေးမျှနှင့်သာ တစ်အိမ်ထောင်မျှထိန်းနိုင်
သော အလုပ်နှင့်သာနေထိုင်လျက်ရှိကြသေး၏။
အမျိုးသားအတွက် နိုင်ငံရေးအတွက် အသုံးချသော
ပစ္စည်းများမရှိလေသောကြောင့် မြန်မာအမျိုးသား
တို့သည် မည်သည့်အလုပ်ကိုမျှထမြောက်အောင်
မြင်စွာမလုပ်နိုင်ဘဲ ရှိကြကုန်၏။ မည်သို့လုပ်မည်။
မည်သို့ပင်ကြံစည်မည်ဟု ကြုံးဝါးစေကာမူ ငွေ
အင်အားမရှိပါမူကား အချည်းနှီးပင်ဖြစ်ပေလိမ့်
မည်။
ယခုခေတ်အခါ ကမ္ဘာပေါ်မှာ ငွေလုံလောက်စွာ
အရန်သင့်ရှိနေပါလျှင် မည်သည့်အကြံအစည်ကို
မဆို ထမြောက်အောင် ရွက်ဆောင်သယ်ပိုးနိုင်လေ
သည်။ အလွန်ကြီးကျယ်သော စစ်ကြီးကိုတိုက်သည်
ဆိုရာ၌ စစ်၏အင်အားကိုလိုက်၍ ရှာသည်ရှိသော်
ငွေပေါ်၍ကျရောက်နေသည်ကို တွေ့ရ၏။ အလွန်
ပြင်းထန်သော အမြောက်ကြီး ဗုံးကြီး၊ စစ်သင်္ဘော
ကြီး၊ စစ်လေယာဉ်ပျံကြီးများသည်လည်း ငွေကိုမှီ၍
အားယူကြရကုန်၏။ သို့ဖြစ်၍ ငွေအင်အားရှိပါလျှင်
မည်သည့်အရာကိုမဆို ပြီးစီးထမြောက်အောင်မြင်
စေနိုင်သည်ကား အထင်အရှားပင်ဖြစ်လေသည်။
မြန်မာပြည်မှာ အသင်းအပင်းတွေများစွာရှိကြသည်။
သို့ရာတွင် ထိုအသင်းအပင်းများမှာ လုံလောက်သော
ငွေအင်အားမရှိကြ။ ထိုသို့မရှိသည့် အတွက်ကြောင့်
အသင်းများလည်း ရည်ရွယ်ချက်အတိုင်းထမြောက်
အောင်မရွက်ဆောင်နိုင်ကြ။ အသင်းမည်ကာမတ္တ
ဖြင့် စုရုံးလျက်သာလျှင် ရှိကြလေသည်။ ပြဆိုခဲ့ပြီး
သောအတိုင်း အမျိုးသားအားလုံးတစ်နိုင်ငံလုံးနှင့်
သက်ဆိုင်စေ၍ အကျိုးရှိသော အရာဌာနအသုံးပြုရန်
ငွေအင်အားများကို ထူထောင်ထားရန် အမှန်သင့်လျော်
လေသည်။
ဤကဲ့သို့သော ငွေမျိုးကိုဖြစ်စေရန်အတွက်နှင့်
ထောက်ပံ့ခြင်းသည်လည်း အကျိုးရှိသော သုံးစွဲခြင်း
တစ်မျိုးပင်ဖြစ်လေသည်။
ပြဆိုအပ်ပြီးသော စကားရပ်ဖြင့် ပစ္စည်းဥစ္စာကြွယ်ဝ
သော ပုဂ္ဂိုလ်ထူးကြီးများသည် မိမိတို့အဆင့်အတန်း
အားလျော်စွာ နေထိုင်ကြ၍ ဘုန်းကံအလျော်ရရှိ
ထားသော ပစ္စည်းများကို တစ်နည်းအားဖြင့် အကျိုး
ရှိလေအောင်သုံးစွဲသင့်ကြပေသတည်း။
လယ်တီပဏ္ဍိတဦးမောင်ကြီး
နီတိမဉ္ဇရီကျမ်းလွင်အောင် မျိုး's photo.

No comments:

Post a Comment