Clever Ven added 3 new photos — with သဒါၶေဒယ် ပရဟိတအသင်း and 2 others.
စိုးရိမ်မိတယ်
========
တစ်နေ့က တပည့်ကိုရင်လေးတစ်ပါးဖုန်းဆက်တယ်။ဦးဇင်းကို အသိပေးတာပါတဲ့.. သူလူထွက်လိုက်ပြီတဲ့..။လူထွက်ချင်တယ်လို့ ပြောတာမျိုးမဟုတ်ပါဘူး။သူက ကိုယ့်ထက်ခေတ်ရှေးပြေးမွေးပြီး လူဖြစ်လာတာဆိုတော့ တစ်ကွက်ကျော်နေတာတော့ မဆန်းပါဘူး။ဒါနဲ့ ဘာဖြစ်လို့လည်းလို့ မေးရသေးတယ် မပျော်လို့ပါတဲ့။ရှင်းနေတာပဲ။
သေချာတာပေါ့ ကိုရင်တစ်ပါး ဦးဇင်းတစ်ပါး လူထွက်ထွက်ချင်ပြီဆိုရင် အဓိကကတော့ မပျော်တာပါပဲ။

သာသနာလည်း မျိုးဆက်ပြတ်တော့မယ့် အခြေအနေပါပဲ။ခုနောက်ပိုင်း ကိုရင်လေးတွေ ဦးဇင်းလေးတွေ သိသိသာသာ ကျဆင်းသွားတယ်။ရန်ကုန် မန်းလေးကလူတွေ သံဃာအရေအတွက်များလို့ သတိထားမိကြဟန်မတူဘူး။ ဒါပေမယ့် စာသင်တိုက်တွေကနေ ရိပ်သာတို့ ပရဟိတတို့ ဖြစ်သွားရတဲ့ကျောင်းတိုက်တွေ မနည်းဘူး ကြားနေရတယ်။
အရင်က စာသင်သားသံဃာ တစ်ရာလောက်ကို ပြည့်သွားလို့သာလက်မခံရတဲ့ ကျောင်းတိုက်တွေ ခုတော့ နှစ်ဆယ် သုံးဆယ်လောက်ရဖို့ မလွယ်ဘူး ။ွကားမှတ်တိုင်တွေမှာဆိုလည်း အရင်လို အစုအစု ကိုယ်တော်လေးတွေ ကိုရင်လေးတွေ မတွေ့ရတော့ဘူးတဲ့။ပိုနည်းသွားတာ သိသာတယ်လို့ပြောတယ်။ နယ်တွေမှာတော့ ပိုပြီး ထင်သာမြင်သာပါတယ်။ ဦးဇင်းနေခဲ့တဲ့ ကျောက်ဖြူ မြို့က ကျောင်းတိုက်မှာ ဒီနှစ်စာသင်သားဘယ်လောက်ရှိလည်းလို့ မေးကြည့်တာ ခုနှစ်ပါးတဲ့ အရင်က နှစ်တိုင်း လေးဆယ် ငါးဆယ်တော့ရှိခဲ့တာပါ။ မိဘတွေကလည်း ကိုယ့်သားတွေကို ကိုယ်ရင်မ၀တ်စေချင်တော့ဘူးပြောတယ်။ခေတ်က အရင်လိုမဟုတ်ဘူးတဲ့ ဘာကိုဆိုလိုတာလည်းတော့ မသိပါဘူး။
ခုနှစ်တွေမှာ မြို့တက်စာသင်ဖို့ ကိုရင်ရဖို့နေနေသာသာ ရွာကဆရာတော်အနား ပြုစုဖို့တောင်မရှိပါဘူးတဲ့။ အရင်ကဆို နွေဖက်ကျောင်းပိတ်ရင် ရွာကျောင်းမှာဆို မြို့ကကိုယ်ရင်တွေနဲ့ပြည့်လို့တဲ့ ခုတော့ ရှိတာတွေလည်းလူထွက်ကြ နောက်တက်တွေလည်း မရှိတော့ ခြောက်ကပ်ကပ်နဲ့ ကျောင်းကြီးတွေသာဟီးလို့ မောင်ရှင်တွေ ဦးဇင်းတွေမရှိတော့ ဘယ်လိုကြီးမှန်းမသိဘူးတဲ့။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးတည်း ငူတူတူကြီးနဲ့ ဆွမ်းဒကာ ဝေယျာဝိစ္စလုပ်ဖို့လူတောင်ငှါးထားရတယ်။ မဟုတ်ရင် အလှည့်ကျစနစ်နဲ့ သွားနေရတယ်တဲ့။
ကိုယ်ရင်ဆယ်ပါးဝတ်လို့ ဦးဇင်းတစ်ပါးဖြစ်ကျန်ဖို့ မလွယ်ဘူး။ ဦးဇင်းဆယ်ပါးဖြစ်လို့ သက်ဆုံးတိုင် သာသနာမှာတစ်ပါးကျန်ဖို့ မလွယ်ဘူး။ သတိထားကြပါဗျာ ကိုရင်လေးတွေ ဦးဇင်းတွေကိုလည်း ဂရုစိုက်ပါ။ ဒကာ ဒကာမတို့လိုချင်တဲ့ ကြည်ညိုတဲ့ ကိုးကွယ်ဆည်းကပ်တဲ့ ရိပ်သာဆရာတော်တို့ ဓမ္မကထိကဆရာတော်တို့ ကျမ်းတတ်ပေတတ် စာချဆရာတော်တို့ဆိုတာလည်း ကိုရင်ငယ် ဦးဇင်းငယ်ဘ၀က ဖြစ်လာကြတာမဟုတ်လား။ဝေဖန်တာတွေ နည်းနည်းလျော့ အပြစ်တင်တာတွေနည်းနည်းလျော့ ။ မိဘလက်ပေါ်မှာ အမြဲဆိုဆုံးမနေတဲ့ သားသမီးတွေတောင် တစ်ခါတစ်ရံ ကိုယ်သဘောမကျတဲ့ အပြုအမူလေးတွေ ရှိနေသေးတာပဲ။
သူခမျာလေးတွေ မိဝေးဖဝေး ဒေသဝေးမှာ သတိရအောက်မေ့စိတ်ကို ဖြေဖျောက်နေကြရတာလွယ်မလား ကိုယ့်သားသမီးနဲ့နိုင်းပြီး ကိုယ်ချင်းစာတတ်ရင် အပြစ်ရယ်လို့မရှိပါဘူး။
ဒီကြားထဲ ကိုယ့်မြို့တင်ပေးထားတဲ့ ကိုရင်ကလူထွက်သွားတယ်ဆိုတော့ စိတ်မကောင်းဘူး။ ရှင်နည်းရတဲ့အထဲ အဂ္ဂလူထွက်ဆိုတဲ့ ကိန်းဆိုက်တာပါပဲ။
===?=?=======?==??
မေတ္တာဖြင့်...itking969.blogsport.com

No comments:
Post a Comment