Tuesday, May 17, 2016

မြနန်းဆရာတော် added 29 new photos.
အနာဂတ်၏ကြယ်ပွင့်လေးများ မွေးထုတ်ပေးမည့် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲ
=======================================
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ကြီး{မဘသ-ဗဟို}မှဖွင့်လှစ်မည့် မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲအား ယနေ့ နံနက်{၉}နာရီချိန်တွင် မဘသ{ဗဟို}တည်ရှိရာ အင်းစိန်-ရွာမ ပရိယတ္တိစာသင်တိုက်တွင်ကျင်းပခဲ့ပါသည်။
နံနက်{၆}နာရီမထိုးမီကပင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဝင်ခွင့်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် မဘသ{ဗဟို}သို့ အသီးသီးရောက်ရှိခဲ့ကြသည်။ တနင်္သာရီတိုင်းမှကျောင်းသား/ကျောင်းသူများသည်ပင် ဝီရိယအားကြီးစွာဖြင့်နံနက်{၅}နာရီခန့် ကပင်ရောက်ရှိခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးကပြောကြားခဲ့ပါသည်။
မိမိတို့ ၏သားသမီးရင်သွေးရတနာလေးများအား အနာဂတ်ကာလတွင် အမျိုးဘာသာသာသနာကိုစောင့်ရှောက်လိုသည့် စိတ်ဓာတ်များ နှလုံးသားဝယ်ကိန်းအောင်းစေရန်နှင့် အတန်းပညာများကိုလည်းထူးချွန်ထက်မြက်စေရန်ရည်သန်၍ ယခုကဲ့သို့ ရပ်ဝေးဒေသမှလာရောက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းမှကျောင်းသားမိဘတစ်ဦးက ရင်ဖွင့်ပြောကြားသည်ကိုလည်း ကြားသိခဲ့ရပါသည်။
ယနေ့ ကျင်းပသည့် ဝင်ခွင့်စာမေးပွဲအခမ်းအနားသို့ မဘသ{ဗဟို}ဥက္ကဋ္ဌဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ ဘဒ္ဒန္တပညာဝရ(ဓမ္မဒူတ)၊ ဘဒ္ဒန္တသောပါက(ဇေတဝန်)၊ ဘဒ္ဒန္တသဒ္ဓမ္မ(မြနန်း)၊ ဘဒ္ဒန္တစန္ဒောဘာသ(မင်းကျောင်း-ရမည်းသင်း) ဓမ္မဝီရအရှင်တေဇနိယ၊ အရှင်ဝိမလဝံသ(နာလန္ဒာ)တို့ ကြွရောက်ချီးမြှင့်ပြီး၊ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ/ဆရာမများမှ ဝင်ခွင့်စာမေးပွဲအားကြီးကြပ်စစ်ဆေးခဲ့ပါသည်။
နံနက်ပိုင်း{၉}နာရီမှစတင်၍ သင်္ချာ/အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ တို့ အားရေးဖြေစစ်ဆေးခြင်းပြုမည်ဖြစ်ပြီး နေ့ လည်ထမင်းစားချိန်နား၍ မွန်းတည့်(၁၂)နာရီတွင် လူတွေ့ နှုတ်ဖြေစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ ယနေ့ ကျင်းပသည့်ဝင်ခွင့်စာမေးပွဲသို့ ကျား{၁၆၄}၊ မ{၁၆၈} စုစုပေါင်း {၃၃၂} ဦးဝင်ရောက်ဖြေဆိုကြောင်းသတင်းရရှိသည်။
သတင်းနှင့်မှတ်တမ်း-မြင့်ဇော်(အတုမရှိဂျာနယ်)
မဘသ{ဗဟို}အင်းစိန်-ရွာမ၊ ရန်ကုန်မြို့
17-5-2016 / 10:15-AM

No comments:

Post a Comment