Pages - Menu

Pages

Tuesday, May 17, 2016

Myanmar Daily Star added 30 new photos.
မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘုရားကြီးကို ကိုယ်တိုင်သွားရောက်
ဖူးမြော်ရသလိုခံစားရမှာပါ ။ တစ်ပုံချင်းသာကြည့်ပြီး ဖူးမြော်ကြည်ညိုသွားပါနော် 
ဓမ္မဒါန အနေဖြင့် ပြန်လည် မျှဝေလိုက်ပါတယ်ခင်မျာ ... ။
-----------------------------------------------------
ကိုယ်ကိုတိုင်ဆရာတော်ဘုရားသီတင်းသုံးနေထိုင်သည်.
နေရာကိုသွားရောက်ဖူးမြော်သလို ခံစားရအောင် ဓာတ်ပုံများကို အစဉ်လိုက်တင်ပေးထားပါသည် ။
ဓာတ်ပုံနှိပ်ပြီးကြည့်နိုင်ပါသည် ။ဆရာတော်ဘုရားရဲ့ ဘဝဖြစ်စဉ်အကျဉ်းဖတ်ပြီးကြည်ညိုနိုင်စေရန် ရည်ရွယ်တင်ပြပေးလိုက်ပါပြီ အမှားတစ်စုံတစ်ရာပါခဲ့လျှင် ကျွန်ပ်အမှားသာဖြစ်ပါကြောင်း
မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး၏ ဘဝဖြစ်စဉ်
အကျဉ်း 
*************
ဆရာတော်ကို သာသနာတော်နှစ် ၂၄၈၅ ခုနှစ်မြောက်
ကောဇာသက္ကရာဇ် ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ညဥ့်(၁)
နာရီ တနင်္လာမှအကူး အင်္ဂါအဦး အချိန်တွင်
မြန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် 
သောက္ကံကျေးရွာအုပ်စု အပါအဝင် မင်းကုန်းကျေးရွာတွင်
နေထိုင်ကြသော ဦးဘစံ ဒေါ်မေ တို့မှဖွားမြင်သော
သားသမီးငါးယောက်မှ အငယ်ဆုံး အတိဇာတသား
လှရတနာဖြစ်သည်။ နာမည်မှည့်သည့်အခါတွင် မောင်ညိမ်းမောင် 
ဟု မိဘများက မှည့်ခေါ်ခဲ့သည်။
ဆရာတော်လောင်းလျာကို ပဋိသန္ဓေတည်သည့်ညက 
မယ်တော်ကြီးဒေါ်မေ အိမ်မက်မြင်မက်ခဲ့သည်။ ပိတ်ဖြူစင်ကြယ်
ဝတ်ဆင်ထားသော သူတော်ကြီးတစ်ယောက် အိမ်
သို့ရောက်လာပြီး သူထမ်းယူလာသောအရိုးအိုး(ဘုန်း
ကြီးပျံပွဲတွင် မီးသဂြိုလ်ပြီး လက်ကျန်အရိုးများ ထည့်
ထားသည့်အိုး)ကို လာရောက်ပေးအပ်ရာ မယ်တော်
ကြီးဒေါ်မေသည် ဘုမသိဘမသိရာမှပင် ဟုတ်ကဲ့ -
ဟုတ်ကဲ့ ဆိုကာအမြတ်တနိုး ယူထားလိုက်မိ၏။
ထိုအိမ်မက်ကား ဆရာတော်ကို ပဋိသန္ဓေ
တည်ချိန် ဖြစ်လေတော့သည်။ ဆရာတော်သည် 
အတိတ်ဘဝက ရဟန်းဖြစ်ခဲ့ရပြီး ပျံလွန်
တော်မူသောအခါတွင် အစွဲဥပါဒါန်ကြောင့် ဦးဘစံ
ဒေါ်မေတို့၏ သားဖြစ်ခဲ့ရ၏။
ယင်းတို့ကား ဒေါ်မေ၏ပြောပြချက်နှင့်ဆရာတော်လောင်းလျာ 
ကလေးဘဝပြောတတ်ခါစတွင် ပြန်ပြောပြချက်များက 
အတိတ်နှင့်ပစ္စုပ္ပန် စွဲချက်သန်ပုံ ဥပါဒါန်များ ထင်းရှားလေ
တော့၏။
ဆရာတော်လောင်းလျာသည် အတိတ်ဘ
ဝကလည်း ဤမင်းကုန်းရွာ၌ပင် လူ့ဘဝကိုရောက်ခဲ့
ရလေသည်။ အတိတ်ဘဝရဲ့မိဘ ညီအကိုမောင်နှ
များမှာ ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာနေ ဦး
ဖိုးရှိန် ဒေါ်ဖက်ဖူး တို့တွင် သားသမီးငါးယောက် 
ထွန်းကားခဲ့သည်။ ဦးချမ်းငြိမ်း ဒေါ်သိန်းခင် ဦးဘစံ
ဦးဘမောင် ဦးဉာဏ်ကျော် တို့ဖြစ်ကြသည်။
ထိုငါးယောက်တို့တွင် အငယ်ဆုံး မောင်ဉာဏ်ကျော်သည်
အချိန်တန်အရွယ်ရောက်လေလျှင် ရှင်သာမဏေ
ဝတ်ခဲ့သည်။ အသက်နှစ်ဆယ်ပြည့်သောအခါတွင်
ရဟန်းအဖြစ်သို့ခံယူခဲ့သည်။ ဘွဲ့အမည်မှာ အရှင်
ဥေယျဖြစ်သည်။ ရှင်ရဟန်းဘဝဖြင့် ပရိယတ္တိစာပေ
များ သင်ကြားသည့်ကြားမှပင် ပဋိပတ္တိလုပ်ငန်းစဉ်
များလည်း ဆောင်ခဲ့သည်။ အရှင်ဥေယျသည် မင်း
ကုန်းရွာ တောရကျောင်းတွင် သီတင်းသုံးနေထိုင်
စဉ် ရဟန်းဝါ တစ်ဝါအရတွင် ကျောက်ရောဂါဖြင့်
ပျံလွန်တော်မူခဲ့ရလေသည်။
အရှင်ဥေယျသည်ကျောက်ရောဂါဖြင့် ပျံလွန်တော်မူရာ၌ 
ဘဝစုတိစိတ်ကို ဓမ္မဖြင့်မပိတ်နိုင်ဘဲ ဥပါဒါန်စိတ်ဖြင့် 
တတိယအကိုကြီးဖြစ်သူ ဦးဘစံကို ချစ်ခင်စွဲလန်းခြင်းကြောင့်
ဦးဘစံ ဒေါ်မေတို့ထံတွင် ပဋိသန္ဓေနေခဲ့ရသည်။
ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်သည် ရ
ဟန်းဖြစ်စ တစ်ဝါရပြီးသည့်ကာလမှစ၍ နှစ်ပေါင်း
သုံးဆယ်ကျော်တိုင် မြန်မာပြည် အရပ်ရပ်
တို့၌ တစ်ပါးတည်း တောရပ်မှီလျက် ဧကစာရီ အကျင့်ကို
ဇွဲသန်သန် ဒုက္ခခံလျက်က ကြောင်းရင်းကျိုးဆက်
ကျေးဇူးချိတ်ဆက်ခဲ့ဘူးသော တပည့် ဒါယကာ ဒါယိကာ
မ သာဝကတို့အား သာသနာပြုခဲ့သည်မှာ ဆယ်စု
နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
(စာနှင့်ပုံများအတွက် မူရင်းပိုင်ရှင်များကို creditပေးပါတယ်)
Maung Khin Mg Soe(သံမဏိ ခွပ်ဒေါင်း )

No comments:

Post a Comment