Pages - Menu

Pages

Thursday, January 14, 2016

မန္တလာ မျိုးချစ် မန္တလာမျိုးချစ် and နဲာ ကုသလ shared ဘဝ၏ တန်ဖိုး's photo.
ဘဝ၏ တန်ဖိုး's photo.
ဘဝ၏ တန်ဖိုး to ဗုဒ္ဓဘာသာ သိမှတ်စရာ
ဘုရားရှိခိုးခြင်း၏ အကျိုး
************************
မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီ အမည်ရှိ လူတစ်ဦးသည် သေလုဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်တော်မူ၏။
မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။
ထိုသူသည် ဘုရားရှင်အား ဖူးမြင်ခွင့်ရသဖြင့် ကြည်ညိုစိတ်ပေါ်လာပြီး အိပ်လျက်ပင် ရှိခိုး၏။ မကြာခင် ထိုသူသေလွန်လျင် နတ်ပြည်၌ တစ်ဆယ့်နှစ်ယူဇနာ ရှိသော ရွှေဗိမာန်ရှင် နတ်သားဖြစ်လေသည်။
ထိုမျှရှိခိုး၍ အကျိုးရသည်ကို ထားဘိဦး၊ သုမေဓာဘုရားလက်ထက်တော်က ဥပါသကာတစ်ဦးသည် သူတစ်ပါးတို့အား စေတီတော်ကို ရှိခိုးရန် တိုက်တွန်းသဖြင့် သေလွန်သောအခါ တာဝတိ သာနတ်ပြည်၌ နတ်သားဖြစ်ရလေသည်။
❆ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

No comments:

Post a Comment