Pages - Menu

Pages

Wednesday, October 28, 2015

Hantharwady News's photo.
Hantharwady News with Aung Bohnee Myint and 19 others
"ဘုရားအလောင်းစိတ်ဓာတ် နှင့် စွန်းခြင်းကြီးငါးပါးတရားတော်" သီတဂူဆရာတော်
လူမှုရေး ဘာသာရေး သာသနာရေး နိုင်ငံတော်ရဲ့ အကျိုးစီးပွါးဆောင်ရွက်ကြတဲ့ သူတွေ အားလုံး၊ အထူးသဖြင့်တော့ အသက်စွန့်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ကြတဲ့ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေ နော်… အသက်စွန့်ပြီး ဆောင်ရွက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေ ဘုန်းကြီးတို့က ဘုန်းကြီးရဲ့စိတ်ထဲမှာ ဘုရားအလောင်းတွေလို ဘုန်းကြီးက ကြည်ညိုတယ်။
လေးသင်္ချေ ကမ္ဘာတစ်သိန်း ဘုရားအလောင်းရဲ့ ကျင့်စဉ်တွေကို ကြည့်ကြည့်၊ သူတစ်ပါးရဲ့ အကျိုးစီးပွါးအတွက် ဘုရားအလောင်း ဘာလုပ်လဲ၊ အသက်စွန့်တာတွေ အများကြီးပဲ၊ အားလုံး ပရိသတ် မေးမယ်၊ စွန်ခြင်းကြီး ဘယ်နှပါးလဲ? ငါးပါး။
၁-က ဓနပရိစ္စာဂ၊ သူတစ်ပါးရဲ့ အကျိုးစီးပွါးအတွက် ငါ့ပစ္စည်း ဆုံးရှုံးခြင်တိုင်း ဆုံးရှုံးပစေ ဒီလို မဟုတ်လား၊ ဘုရားအလောင်း စိတ်ဓာတ်မွေးရမယ်။
နောက်တစ်ခုက ဘာလဲ? ဓနပရိစ္စာဂပြီးရင် ဘရိယပရိစ္စာဂ ဆိုကြပါစို့ ..။ အဲဒါတော့ Very difficult to renounce your wife! ဘရိယပရိစ္စာဂ မယားစွန့်တာ၊ ဒါပေမဲ့ ရှေ့တန်းတိုက်ပွဲ ဆင်နွဲနေတဲ့ တပ်မတော်သားတွေ တပ်မတော်ခေါင်းဆောင်တွေ သူတို့က ဟိုမှာ တိုက်ပွဲဆင်နွဲနေတုံး ဒီမှာ အမျိုးသမီးတွေက တခါတခါ ဘာဖြစ်သွားမှန်း မသိဘူး။ စွန့်လိုက်ရတာတွေ ပြန်လာတော့ .. ဟယ်.. ဆိုပြီး မရှိတော့ဘူး။ အဲဒါမျိုးတွေ အများကြီးပဲ။ သူတို့ကိုယ်တိုင်လဲ အသက်စွန့်သွားလို့ ဒီကဇနီး မုဆိုးမဖြစ် ကျန်ရစ်တာတွေ။ နိုင်ငံရေး လုပ်တဲ့ နိုင်ငံခေါင်းဆောင်တွေလဲ ဒီလိုပဲ အသက်စွန့်ပြီး လုပ်ကြရတယ်။ အဲဒါကြောင့် ဘုန်းကြီးက အရမ်းကြည်ညိုတယ်။ အော် နိုင်ငံခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေက ဘာတွေလဲ ဘုရားအလောင်းတွေ၊ ဘုရားအလောင်း ကျင့်စဉ် .. ၁။ စီးပွါးဥစ္စာလဲ စွန့်လွှတ်ရတယ် ။ ၂။သားသမီးလဲ စွန့်လွှတ်ရတယ်။ ၃။ သားမယားလဲ စွန့်လွှတ်ရတယ်။ ၄။ အင်္ဂါအစိတ်အပိုင်း ခြေထောက်တွေပြတ် လက်တွေပြတ် မျက်လုံးတွေကန်း ဘာတွေလဲ အင်္ဂပရိစ္စာဂ။
သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ရောက် ကြေးစည်ရိုက်၊ တူဝေေ၀ဆိုတော့ ``ဟာ .. နန်းတော်ရှေ့ အလှူခံ၊ ဘာအလိုရှိပါသလဲ ဆန်လိုလား ဆီလိုလား´´ ``မလိုဘူး၊ မျက်လုံးလိုတယ်´´ မျက်လုံးကို ကြေးစည်ရိုက် အလှူခံ။ အဲဒီတော့ မင်းချင်းယောက်ျားတွေက ``မင်းတရား၊ မျက်လုံးအလှူခံတယ်´´ ``ဟာ အဲဒါဆို သီတဂူ စက္ခုဒါနဆေးရုံပို့၊ ဟုတ်လား အဲဒီတုန်းက မပေါ်သေးဘူး ခုမှ ပေါ်တာ၊ သီတဂူ စက္ခုဒါနဆေးရုံ အားလုံး ၁၅-ခု တည်ဆောက်နေတယ်၊ ၃-ခုက ဖွင့်ဖို့ ကျန်တယ်။ ၁၂ ခုက ဖွင့်ပြီးသွားပြီ။
ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားပါ။ ငါ ဘာယူသွားမလဲ? ကိုယ့်ကိုယ်ကို မေးပြီး အဖြေထွက်အောင် လုပ်ကြ၊ ဘုန်းကြီး ခု ၇၅-နှစ် Retire လုပ်ဖို့ ကောင်းပြီ၊ ငါ ဘာယူသွားမလဲ အားလုံး မေးကြပါ။ ငါ့တိုင်းပြည် ငါ့သာသနာ ငါ့လူမျိုးအတွက် ဘာတွေ ထားခဲ့မလဲ။ အဲဒီမေးခွန်းနှစ်ခု နာနာမေးပြီးတော့ အဖြေမှန်ထွက်အောင် ကြိုးစားကြစမ်းပါ။
အာနန္ဒာ နဲ့ ဒေ၀ဒတ် ဘုရားရဲ့ ညီတော်တစ်ဝမ်းကွဲ နှစ်ယောက် အတူတူပဲနော်။ အာနန္ဒာ ဘာယူသွားပြီးတော့ ဘာထားခဲ့သလဲ? ညီအကိုနှစ်ယောက် မတူတာ။ ဒေ၀ဒတ်ကို အပြည့်အစုံဖတ်ရအောင် ဒေ၀ဒတ္တ၊ နားထဲနည်းနည်း မချမ်းသာဘူးလား။ ဒေ၀ဒတ် ဆိုတော့ နားထဲ အတော်ဆင်းရဲတယ်။ အဲတော့ နာမည်တွေလဲ ဟိုဖြတ် ဒီဖြတ် မဖတ်ကြပါနဲ့။ နာမည်တွေကို ဟိုပြင် ဒီပြင် မလုပ်ကြပါနဲ့ နာမည် အရှိအတိုင်းလေးသာ ဖတ်ကြပါ။ ဒေ၀ဒတ် တစ်မျိုး၊ ဒေ၀ဒတ္တ အဲ… ဒါလေး ကောင်းတယ်။ အေး ဒေ၀ဒတ္တက ဘာတွေ ထားပြစ်ခဲ့သလဲ ဘာတွေ ယူသွားနိုင်သလဲ? အဖြေက ရှင်းနေတယ်။ ညီအကိုချင်း မတူတာ။ နှစ် ၂၅၀၀ သမိုင်းမှာ ဒေ၀ဒတ် ဘာထားခဲ့သလဲ? အပြစ် အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်း အကုန်ထားခဲ့တယ်။ အာနန္ဒာ ဘာထားပြစ်ခဲ့သလဲ? မြတ်စွာဘုရား ၄၅ နှစ် ဟောသမျှ စကားလုံးတွေကို Compile and organize လုပ်တဲ့သူပဲ။ အဲဒါကြောင့် ဘ၀မှာ ကောင်းကောင်း ထားပြစ်ခဲ့နိုင်အောင် ကိုယ်အတွက်လဲ ကောင်းတာလေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။
ခုပြောနေတာ ဘုရားလောင်း စွန့်ခြင်းကြီး ဘယ်နှစ်ပါးလဲ? နောက်ဆုံး အသက်စွန့်တယ်။ ခုနက သိဝိဇာတ်မှာ ကြေးစည်လေးရိုက်တော့ ဘုရင်ကြီးက ``အလှူခံ ဘာလိုလဲ´´ ``မျက်လုံးလိုတယ်´´ ဘုရင်ကြီးက နန်းတော်ထဲခေါ်၊ အသိတဉ္ဇန တဲ့။ အော် အံ့သြစရာကောင်းတဲ့ မျက်စိခွဲစိတ်ဆရာဝန် အဲဒီတုံးထဲက ရှိတာ။ မင်းကြီးရဲ့ မျက်လုံးထုတ်ပြီး ဟိုမှာ မျက်လုံးအစားထိုးပြီး လှူလိုက်တယ်။ ပုဏ္ဏား မျက်လုံးတစ်ဖက် ရသွားတယ်။
အင်္ဂပရိစ္စာဂ ခြေထောက်တွေ ပြတ်လို့ လက်တွေပြတ်လို့ မျက်လုံးတွေ ကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက်ကြတဲ့ တပ်မတော်သားတွေ နိုင်ငံရေး ခေါင်းဆောင်တွေ လူမှုရေး ဘာသာရေး အသင်အဖွဲ့က ပုဂ္ဂိုလ်တွေ ဒီနိုင်ငံမှာ အများကြီး၊ အားလုံးကို လှိုက်လှိုက်လှဲလှဲ ဘုန်းကြီးက ဒီကနေ့ ဂုဏ်ပြုတယ် ကျေးဇူးတင်တယ်။ ဘုရားအလောင်းစိတ်နဲ့ အားလုံး အလုပ်လုပ်ကြတာ ဒီအတိုင်းပဲ ဆက်လုပ်ကြပါလို့ တိုက်တွန်းပါတယ်။
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ (Ph.D., D.Litt.)
အဂ္ဂမဟာပဏ္ဍိတ၊ တွဲဖက်ရွှေကျင်သာသနာပိုင်(၄)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိဆရာတော်

No comments:

Post a Comment