Pages - Menu

Pages

Sunday, August 9, 2015

**တာဝန်နဲ့အခွင့်အရေး**



သားမောင်ရည်စူးသိစေဦး(၁၀)
**တာဝန်နဲ့အခွင့်အရေး**
ချစ်သား ချစ်သမီး အားလုံးမင်္ဂလာပါခင်မျာ။ *မင်္ဂလာပါဆရာ*---အေးကွာ ခုလိုနုတ်ဆက်တာ ကောင်းတယ်။ ၃၈ ဖြာမင်္ဂလာတရားတော်မှာလေ
မြတ်ဗုဒ္ဓကဟောထားတယ်*သူတစ်ပါးရဲ့ကျေးဇူး
ကိုသိခြင်းဟာ မင်္ဂလာ*တဲ့။ ဒီကနေ့ဟာဖြင့် ရှစ်ေ
လးလုံးအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တာ ၂၇နှစ်
တိုင်ခဲ့ပြီလေ။ ထိုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့
ကြတဲ့ အသက်တွေပေးသွား ဘဝတွေပေးထား
ကြတဲ့ပုဂ္ဂိုများရဲ့ကျေးဇူးဟာ မင်းတို့ ငါတို့ရဲ့အ
ပေါ်မှာရှိတယ်ကွ။ ထိုကျေးဇူးတွေကိုသိမှသာ
တို့တွေလူပီသကြမယ်။

မြတ်ဗုဒ္ဓကပြောတယ်--ညီတော်အာနန္ဒာ*မိမိအ
ပေါ်မှာရှိတဲ့သူတစ်ပါးရဲ့ကျေးဇူးကိုစိတ်မှာသတိ
ရသူ ရှားတယ် နုတ်ကထုတ်ပြောဆိုသူ ပိုလို့ရှား
တယ် ကျေအောင်ဆပ်နိုင်သူကတော့ အရှားဆုံး
ပါပဲ*တဲ့။ ဒီနေ့ တို့တွေ ဘယ်အဆင့်မှာပါဝင်နေသ
လဲ စမ်းစစ်ကြပေတော့။ သူတို့ကျေးဇူးတွေကိုသိရ
မယ် သူတို့လုပ်ရပ်တွေကိုထောက်ခံရမယ်။ လူ
ဟာ လုပ်သင့်လုပ်ထိုက်တာကို ကိုယ်တိုင်ဆောင်
ရွက်မလား ဆောင်ရွက်သူကိုထောက်ခံမလား။ တ
ခုခုကိုတော့ မင်း လုပ်ရမယ်။ မဟုတ်ရင်တော့မင်း
အတွက်လောကမှာ နေရာမရှိတာမို့မင်းဟာဘာ
လဲ စဉ်းစားပါ။
ကောင်းပြီ သူတို့ကျေးဇူးတွေကဘာတွေလဲ။ တစ်
ပါတီအာဏာရှင်စနစ်ကိုဖြုတ်ချပြီးပါတီစုံဒီမိုကရေ
စီစနစ်ကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီမိုက
ရေစီဆိုတော့ 1989ခုနှစ်တုန်းက ဆရာတော်ဉာ
ဏိသရဟောတဲ့ ရာဇောဝါဒ(ရာဇသြဝါဒ*မင်းအား
ဆုံးမခြင်း*)ဆိုတဲ့တရားတော်ကို ငါငယ်ငယ်က
မှတ်သားဖူးတယ်။နှစ်-နှစ်ထောင်ကျော်ကဂရိနိုင်ငံ
မှာ ဂရိစကားဖြစ်တဲ့ *ဒမော့ နဲ့ ခရာတွဒ်*စကား
နှစ်လုံးရှိတယ်။ *ဒမော့*က(peopleပြည်သူလူထု)
*ခရာတွဒ်*က(rule အုပ်ချုပ်ခြင်း)တဲ့။ ဒမော့-ခရာ
တွဒ်(rule by people -ပြည်သူကအုပ်ချုပ်ခြင်း)
အဲဒီ ဂရိစကားနှစ်ခုကို အင်္ဂလိပ်က *ဒီမိုကရေစီ*
လို့ လုပ်ထားတယ်။ ဒါ့ကြောင့်ဒီမိုကရေစီဆိုတာ
ပြည်သူကအုပ်ချုပ်ခြင်းပေါ့။ ပြည်သူ့လက်ထဲမှာ အာဏာရှိတဲ့စနစ်ကို ဒီမိုကရေစီလို့ခေါ်တယ်။
ဒီမိုကရေစီစနစ်ဟာ ဂရိနိုင်ငံက စတင်ပါသတဲ့။
တကယ်တော့ နှစ်ပေါင်း2500ကျော်ကတည်းက
မြတ်ဗုဒ္ဓက ဒဿရာဇဓမ္မလို့ခေါ်တဲ့မင်းကျင့်တ
ရားဆယ်ပါးမှာ ဒီမိုကရေစီကိုထည့်သွင်းထားခဲ့
တယ်။ နံပါတ်တစ်ဆယ်မှာ *အဝိရောဒနံ(ပြည်သူ့
ဆန္ဒကိုမဆန့်ကျင်ရခြင်း)* တဲ့။ အဲဒါဟာဒီမိုကရေ
စီပါပဲ။
ဒီတော့ ထိုသူတို့ဆောင်ရွက်ခဲ့တဲ့ ဒီမိုကရေစီအ
ခွင့်ထူးတွေကိုခံစားချင်တယ်ဆိုရင် မင်းဟာ
တာဝန်ကိုသိ တာဝန်ယူ တာဝန်ကျေ တာဝန်ခံရဲ
တဲ့စိတ်ဓါတ်တွေရှိဖို့လိုတယ်။ ဒီစိတ်ဓါတ်တွေမရှိ
ဘဲ အခွင့်အရေးသက်သက်ကိုသာ ခံစားမယ်ဆို
ရင် မင်းဟာအချောင်သမားပဲ။ *တာ*က အတိုင်း
အတာသတ်မှတ်ချက် + *ဝန်*က အလုပ်။ တာ
ဝန်ဆိုတာ ဆောင်ရွက်ရန်သတ်မှတ်ထားတဲ့အ
လုပ်ပဲ။ တာဝန်မရှိရင် အခွင့်အရေးကိုမခံစားသင့်
ဘူး။ ဒီမိုကရေစီဆိုတာ တာဝန်နဲ့အခွင့်အရေးတွဲ
ထားတာပဲ။ ဆောင်ရွက်ရန်သတ်မှတ်မထားသော်
လည်း အခွင့်ကိုမမျှော်ဘဲဆောင်ရွက်တာကိုတော့
ဝတ္တရားလို့ခေါ်တယ်။ ဝတ္တ နဲ့ ဓမ္မကိုတွဲထားတယ်
။ အခွင့်အရေးကိုမမျှော်ဘဲ လုပ်သင့်လုပ်ထိုက်လို့
ယုံကြည်ပြီးလုပ်ခြင်းကို ဝတ္တရား(ဝတ္တဓမ္မ)လို့ခေါ်
တယ်။
ဒါ့ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်
သူတို့ရဲ့ ကျေးဇူးကိုသိပါ ဒီမိုကရေစီအခွင့်လမ်း
တွေကိုလည်းခံစားပါ တာဝန်လည်းကျေပါ။ အသီးကိုစားရင် အပင်ကိုစောင့်ရှောက်တဲ့တာဝန်
ယူပါ။ ဒီမိုကရေစီအခွင့်လမ်းတွေကိုခံစားရင် ဒီမိုကရေစီကိုထိမ်းသိမ်းဖို့တာဝန် မင်းမှာရှိတယ်
ဆိုတာ မမေ့လိုက်ကြပါနဲ့ကွာ။ ကဲ ချစ်သားချစ်သ
မီး အားလုံး မင်္ဂလာပါခင်မျာ။ မင်္ဂလာပါ ဆရာ။
Khin Maung Soe's photo.

No comments:

Post a Comment