Pages - Menu

Pages

Wednesday, August 12, 2015

ဝဋ်ဆိုတာ . .

ဝဋ်ဆိုတာ . .
သံသရာတလျှောက်လုံးမကျေမချင်းပြန်ဆပ်ရလေ့ရှိတယ် ဘယ်လို ရှောင်ပုန်းရှောင်ပုန်းမလွတ်နိုင်ပါဘူး
အကုသိုလ်ကို ကုသိုလ်နဲ့ပယ်နိုင်ပေမယ့် ၀ဋ်ကြွေးဆိုတဲ့ အရာကိုတော့ ဘယ်လို အရာမျိုးနဲ့မှ ရှောင်လွှဲလို့မရပါဘူး
ဒီနေ့ဒီရက် ဒီအချိန်မှာ သေရမယ့် ကံပါလာရင် ဒီနေ့ဒီရက်ဒီအချိန်မှာ ဒီလိုအဖြစ်မျိုးဖြစ်ဖို့ကံပါလာရင် လည်း ဘယ်လို လှည့်ကွက်နဲ့မှ ပြောင်းလဲလို့မရနိုင်ပါဘူး
ကြောက်စရာကောင်းသလို သံဝေဂယူစရာလည်းကောင်းတယ် နောင်ဘ၀အထိမစောင့်သလို အခုဘ၀မှာပဲ ချက်ချင်းကို ပြန်လည်တတ်တယ်
ကိုယ်ရှေးရှေးတုန်းကဖြစ်စေ အခုဘ၀မှာဖြစ်စေ လုပ်ခဲ့တဲ့အရာတွေရဲ့အရိပ်က ကိုယ့်နောက်ကို ပြန်လိုက်နေတာပါပဲ
သေခြင်းတရားဆိုတာလည်း ကံမကုန်ခင် ကြုံတွေ့ရခြင်းဟာ ၀ဋ်တစ်မျိုးပဲဖြစ်ပြီး အဲဒီဝဋ်ကို ပြန်ဆပ်ကိုဆပ်မှသာ ကြေနိုင်တာဖြစ်ပါတယ်
အကုသိုလ်ကို တတ်နိုင်သမျှ လျော့ပြီး ကုသိုလ်များများ ထားရမယ် - မနာလို ၀န်တိုစိတ် နှိပ်စက်ညှင်းပန်းလိုစိတ်ကို လျော့ပြီး မေတ္တာတရားကို များများထားရမယ်
လောကကြီးမှာ ကိုယ်ဘာမှလုပ်လို့မရတာ ပြုပြင်ခွင့်မရှိတာ ပြောင်းလဲခွင့်မရှိတာအများကြီးပါပဲ အဲဒီအထဲမှာ ၀ဋ်ကြွေးဆိုတာလည်းပါတယ်
သက်တန့်ချို
မောင်(စွယ်စုံကျမ်း)'s photo.

No comments:

Post a Comment