Pages - Menu

Pages

Friday, July 24, 2015

ရုပ် ဖောက်ပြန်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုလဲ

ရုပ် ဖောက်ပြန်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုလဲ
====================================
ဒကာ။ ။ ရုပ်ဆိုတာ ဖောက်ပြန်တယ်၊ ဖောက်ပြန်တတ်သောကြောင့် ရုပ်လို့ခေါ်တယ်ဟု မှတ်ရမယ်လို့ ဟောပြောနေကြတာ၊ ဖြစ်ပေါ်ပြီး ပျက် ပျက်သွားတာကို ဖောက်ပြန်တယ်လို့ မှတ်ရမှာလား ဆရာတော်။
သည်လိုဆိုရင် နာမ်တရားတွေလည်း ဖြစ်ပေါ်ပြီး ပျောက်ပျက်သွားကြတာပဲ၊ သူတို့ကိုတော့ ဘာကြောင့် ရုပ်လို့မခေါ်ရပါသလဲ၊ ရှင်းပြပါဦးဆရာတော်။
ဆရာ။ ။ အင်း… ရုပ်ဖောက်ပြန်တယ် ဆိုတာ ပျက် ပျက်သွားတတ်လို့ ၀ယသဘော ဘင်္ဂသဘောရှိလို့ ရုပ်ခေါ်တာမဟုတ်ဘူး တစ်စုံတစ်ခုသော ဆန့်ကျင်ဘက် အကြောင်းကြောင့် ပြောင်းလဲသွားတာကိုပင် ဖောက်ပြန်တယ်လို့ ခေါ်တာဖြစ်တယ်၊ ဒါကို ထင်ရှားအောင် မြတ်ဗုဒ္ဓက အမေးအဖြေနဲ့ ဟောထားတယ်။
ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ၊
ဥဏှေနပိ ရုပ္ပတိ၊ဇိဃစ္ဆာယပိ ရုပ္ပတိ၊
ပိပါသာယပိ ရုပ္ပတိ၊ ဍံသ မကသ ၀ါတာတပ
သရီသပ သမ္ဖေဿနပိ ရုပ္ပတိ။
ဘာကြောင့် ဒီရုပ်က ဖောက်ပြန်ရတာလဲ၊ အအေးနဲ့တွေ့ထိလို့ ဖောက်ပြန်တယ်၊ အပူနဲ့တွေ့ထိလို့လည်း ဖောက်ပြန်တယ်၊ ဆာလောင်လို့လည်း ဖောက်ပြန်တယ်၊ ရေငတ်လို့လည်း ဖောက်ပြန်တယ်၊ နေပူလောင်လို့ မြွေကိုက်လို့ ကင်းကိုက်လို့ စသဖြင့် ဖောက်ပြန်ပုံတွေကို ရာထောင်မကအောင် ဟောပြောထားတာရှိတယ်၊ ဖြစ်ပျက်မှုကို ရည်မှတ်ဟောကြားတာ မဟုတ်ဘူး။
အဲဒါကြောင့် ရုပ်ဖောက်ပြန်တယ်ဆိုတာ တစ်စုံတစ်ခုသောဆန့်ကျင်ဘက်အကြောင်းကြောင့်နောက်ရုပ် အစဉ်က ရှေးရုပ်အစဉ်နဲ့မတူဘဲ ဖောက်ပြန်တတ်လို့ (၀ါ) ဆန့်ကျင်ဘက်နှင့် တွေ့ထိရင် ဖောက်ပြန်တတ်လို့ ယင်း ဖောက်ပြန်မှု “သဘောတရား” ကို ရုပ်လို့ခေါ်တယ်မှတ်ရမယ်တဲ့၊ ဖြစ်၊ ပျက်မှုသဘောကတော့ နာမ်တရားမှာလည်း ရှိတာပဲဟာ စိတ်စေတသိက်၊ ရုပ်တရားစုမှန်သမျှ ဖြစ်ပျက်ချည်းပဲလို့ မှတ်ရမည်တဲ့၊ ကဲ.. ရှင်းရဲ့လား။
ဒကာ။ ။ မှန်ပါ့၊ ဖြစ်ပျက်တာက တခြား၊ ဖောက်ပြန်တာကတခြား၊ ရှင်းလင်းစွာ သဘောပေါက်ပါပြီ ဆရာတော်။
Thama Meggin
လွင်အောင် မျိုး's photo.

No comments:

Post a Comment