Pages - Menu

Pages

Friday, July 17, 2015

ငါသာငါထက် မာန်မတက်နှင့်

Mar Tin's photo.
ငါသာငါထက် မာန်မတက်နှင့်
===================
စိုးစဉ်းကျန်းဂန်၊ တတ်သောဟန်ကား
မာန်လည်း တင်းတင်း၊ စိတ်ဟင်းလင်းနှင့်
အတွင်းတခြား၊ ပြင်မှာထား၍
ပြင်တရားကို ထိမ်ဝှက်သိုမူ
တိုးရိုပက်ပါ၊ မြစ်လဟာသို့
ပညာကျယ်လျှက်၊ အ၀င်နက်သည်
ဝင်လေးချက်မှာ၊ ထွက်ထွက်ပါ၏။
ငါသာငါထက်၊ မာန်မတက်နှင့်
အထက်နေမင်း၊ လေးကျွန်းချင်းလည်း
မလင်းတိမ်တိုက်၊ တစ်ကျွန်းမိုက်၏
နှိုင်းလိုက်သည်သာ၊ ဤအရာကို
ပညာရှိက၊ သတိရလိမ့်။
လကိုနှုန်းထွေ၊ နေကိုနှုန်းသင့်
မြေနှင့်ပမာ၊ ကျင့်အပ်ရာ၏။
မြတ်စွာဟောနည်း၊ လိပ်ကမ္ပည်းကို
သိလည်းသိလျှက်၊ သိခေါက်ခက်လျှင်
သရက်နှင့်အိုး၊ ကြွက်နှင့်မိုးသို့
အရိုးစင်စစ်၊ အကာပစ်လျှက်
အနှစ်ကိုသာ၊ ယူအပ်ရာ၏။ ။
( ရှင်မဟာသီလ၀ံသ)

No comments:

Post a Comment