Pages - Menu

Pages

Thursday, July 23, 2015

ကံနုံသူ ဉာဏ်နုံသူတွေကို ဝေငှကြပါ

ကံနုံသူ ဉာဏ်နုံသူတွေကို ဝေငှကြပါ
=========================
လောကမှာ ဦးနေဦးရေ ကံကြီးမားသူတွေဟာ ကံနုံ
သူတွေကို မျှကြရပါတယ်။ အနာထပိဏ် သူဋ္ဌေး
ကြီးဟာ မရှိဆင်းရဲသူများကို အမြဲတမ်း ထမင်းဟင်း
လျာ စားဖွယ်သောက်ဖွယ်တွေ လှူဒါန်းသလိုပါပဲ။
ကံရှိသူမှာ ဒီလိုစွန့်လှူလို့မကုန်နိုင်ပါဘူး။ ကျေးဇူးရှင်
ကျောင်ပန်းဆရာတော်က ရေတွင်း ဥပမာပြပြီး ဆုံးမ
ပါတယ်။
တစ်တောင်ရေနေရှိတဲ့ ရေတွင်းဟာ
ခပ်ပြီးသုံးပေမဲ့ချက်ချင်း ရေတစ်တောင်
ပြန်တက်လာတာပါပဲ။ ဆယ်တောင်နေ
တဲ့ရေနေတွင်းဟာလည်း ခပ်ယူပေမဲ့
ဆယ်တောင်ပြန်ပြည့်လာမှာပဲ။
ပြန်ပြီးပြည့်မလာရင် အကြောင်းရှာရမယ်။
မြေပြိုသလား။ အမှိုက်သရိုက် ချေးညှော် ရှိလို့လား။
မြေပြိုရင် မပြိုအောင်ဘောင်ခတ်၊ ချေးညော်ရှိရင်ရှင်း
လင်းပေး။ ရေကြောမကျရင် ရေကြောတွေ့အောင်
ရှာရပါတယ်။
ဒါကြောင့် ဗာလလို့ခေါ်တဲ့ မိစ္ဆာဓမ္မတွေ ဖြစ်ပေါ်
မလာရအောင်ဟာ ကိုယ့်ကိုယ်ကို စစ်ဆေးရမယ်။
မလိုလားအပ်တဲ့ ကိုယ်အမှုအရာ နှုတ်အမှုရာတွေ
ရှိလာရင်၊ ကျင့်ဝတ်သင်္ဂဟတရားတွေ၊ကျင့်ဝတ်တွေ
သင်္ဂဟတရားတွေ ချို့တဲ့လာရင် တောက်လျှောက်
ဆင်းရဲကျိုးတွေသာ ပေါ်ပေါက်မှာပါပဲ။ ဒီလိုမိစ္ဆာဓမ္မ
တွေ ဗာလဓမ္မတွေ ၀င်လာလို့ သတ္တ၀ါတွေ ဆင်းရဲ
လာရှာကြပါတယ်။ ပထမဆုံး မိမိသန္တာန်မှာ ၀င်မ
လာရအောင် ဒီတရားနဲ့ကာကွယ်ကြပါ။
လောကကြီးမှာ မေတ္တာတရားတွေ သစ္စာတရားတွေ
ထွန်းကားပြန့်ပွားလားအောင် ကိုယ်တိုင်လည်း ကျင့်
ကြံပြီးတော့ အနာထပိဏ်သူဋ္ဌေးကြီး ပစ္စည်းဝေငှသ
လို ကံနုံသူဉာဏ်နုံသူတွေကိုမျှတဝေငှနိုင်ကြရအောင်
ကြိုးစားကြပါဗျာ။
အနာဂမ်ဆရာသက်ကြီး
ဓမ္မာစရိယဦးဋ္ဌေးလှိုင်
လွင်အောင် မျိုး's photo.

No comments:

Post a Comment