Pages - Menu

Pages

Friday, July 24, 2015

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ်ပြည့်


 ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များကို နှစ်ပတ်လည်အခမ်းအနားတွင် တွေ့ရစဉ်
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းနားကို ဇူလိုင် ၂၃ ရက် (ကြာသပတေးနေ့)က ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုခ် အနီးရှိ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၌ ပြု လုပ်ခဲ့သည်။ ယင်းအခမ်းအနားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကျန်ရစ်သည့် မိသားစုဝင်များက ဦးဆောင်ကာ စီစဉ်ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။
 
အဆိုပါ အခမ်းအနားတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်း အခမ်းအနားသို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်း၏ မိသားစုဝင်များ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့များ၊ နိုင်ငံရေးနှင့် စာပေနယ်ပယ်တို့မှ ဆရာကြီးသခင်ကိုယ်တော်အား လေးစားသူများနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်တို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ယင်းအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဖြစ်သည့် ဦးတင်ဦးလည်း တက်ရောက်ခဲ့ပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်တွင် ဂါရ၀ပြုခဲ့သည်ဟု သိရသည်။
 
“ ကျွန်တော်တို့ မိသားစုဝင်တွေအနေနဲ့ ဆရာကြီး ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလို ကွယ်လွန်ခြင်း နှစ်ပတ်လည်အခမ်းအနားတွေကို ပြုလုပ်ခဲ့တာပါ။ အရင်ကတော့ အခုလို ပေါ်ပေါ်ထင်ထင် ကျင်းပခွင့်တွေ ဂူဗိမာန်မှာ ပြုလုပ်တာတွေတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တွေ နှစ်တိုင်းပြုလုပ်ပါတယ်။ အခုလို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်မှာ မိဘပြည်သူတွေလာ ရောက်ဂါရ၀ပြုနိုင်ခြင်းနဲ့အတူ နှစ်ပတ်လည် အခမ်းနားကို ကျင်းပတာကတော့ မနှစ်ကစပြီး လုပ်နိုင်ခဲ့တာပါ။ အခုလို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာပေတွေ၊ လမ်းညွှန်ဆုံးမမှုတွေ ကို ဒီခေတ်လူငယ်တွေအနေနဲ့ အမှတ်ရစေချင်တယ်။ နောက်ပြီး တို့ဗမာအစည်းအရုံးရဲ့ နာယကကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ ဒီလိုအမှတ်တရပွဲမျိုးမှာ တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တွေရဲ့ မျိုးဆက်တွေ စုစည်းမှုရစေချင်တယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း လိုလားခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်တွေကို ဒီနေ့ခေတ်မှာလည်း ပြန် လည်အမှတ်ရပြီး နိုင်ငံရဲ့ ငြိမ်းချမ်းမှုကို အမြန် ရရှိစေဖို့ တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်တွေ လည်း ဒီအခမ်းအနားကျင်းပရခြင်းမှာ ပါဝင်ပါတယ်”ဟု ဆ ရာကြီးသခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်တစ်ဦးဖြစ်သည့် စာရေးဆရာ သန်းနိုင်စိုးက ဆိုသည်။                
Writer: 
စုမှူးနိုင်

No comments:

Post a Comment