Pages - Menu

Pages

Friday, July 17, 2015

သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်သော

JOB seekers Journal's photo.
သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို ဖော်ပြပေးလိုက်ပါတယ်....
သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးများအတွက် အသံတိတ် လူသတ်သမားဖြစ်ပါတယ်။ အချို့လက္ခဏာများဟာ မှေးမှိန်နေတတ်ပြီး
ပုံမှန်ဖြစ်ပေါ်နေကျလက္ခဏာများကဲ့သို့ ခံစားနေရတတ်ပါတယ်။ သို့သော် ကွဲပြားခြားနားမှုကတော့ ထိုလက္ခဏာများဟာနေ့စဉ်ဖြစ်ပေါ်နေတတ်ပြီး
သက်သာပျောက်ကင်းသွားခြင်းမရှိတာ ဖြစ်ပါတယ်။ ထို့ကြောင့် အမျိုးသမီးများသတိပြုမိစေဖို့ သားအိမ်ခေါင်းကင်ဆာသတိပေး
လက္ခဏာများကို ဖော်ပြပေးချင်ပါတယ်။

၁. ၀မ်းဗိုက်အောင့်ခြင်း
သာမန်အစာမကြေခြင်း၊ ကြွက်တက်ခြင်းစတဲ့ နာကျင်မှုများနဲ့မတူသော ၀မ်းဗိုက်အောင့်ခြင်းဟာ သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာပဲဖြစ်ပါတယ်။ ၀မ်းလျှောခြင်း၊ အစာအိမ်အောင့်ခြင်းတို့နဲ့ မသက်ဆိုင်ဘဲ နှစ်ပတ်ကျော်ခန့် ၀မ်းဗိုက်အောင့်ခြင်းကို ခံစားရတတ်ပါတယ်။
၂. အစာမကြေခြင်း
ဆက်တိုက်အစာမကြေခြင်း၊ အစာအိမ်နဲ့ အူများယောင်ယမ်းခြင်း၊ ပျို့အန်ခြင်းတို့ဟာ သားအိမ်ခေါင်းကင်ဆာရဲ့ အဖြစ်များသော လက္ခဏာများပဲ ဖြစ်ပါတယ်။
၃. အစာစားချင်စိတ်မရှိခြင်း
ရောဂါရှိသူဟာ ရုတ်တရက်အစာစားချင်စိတ် ပျောက်ဆုံးသွား
တတ်ခြင်းဟာကင်ဆာက ဇီဝဖြစ်စဉ်ကို ထိခိုက်လာပြီး ခန္ခာကိုယ်
အင်အားပေးသော အစာကိုဖြိုခွဲခြင်းမရှိတော့တာကြောင့်ဖြစ်ပါတယ်။
၎. ဖောင်းတင်းခြင်း
သင့်ဝမ်းဗိုက်နဲ့ တင်ပါးရိုးများတွင် မကြာခဏ ဖောင်တင်းခြင်း၊ နာကျင်ခြင်းတို့ဟာ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ သင့်ဝမ်းဗိုက်
ဖောင်းတင်းခြင်းကြောင့် အ၀တ်အစားများကျပ်လာခြင်းတို့ဖြစ်တတ်ပါတယ်။
၅. မကြာခဏဆီးသွားခြင်း
ပုံမှန်ထက် အကြိမ်များစွာ မကြာခဏဆီးသွားခြင်းဟာ သားအိမ်ခေါင်း ကင်ဆာ လက္ခဏာပဲ ဖြစ်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်ခန့် မိမိဆီးကို မထိန်းချုပ်နိုင်ခြင်းဖြစ်ခဲ့ပါက သတိရှိသင့်ပါတယ်။
၆. ဗိုက်ပြည့်မြန်ခြင်း
သားအိမ်ခေါင်းကင်ဆာ ဝေဒနာရှင်များတွင် ကင်ဆာအကြိတ်ဟာ အစာအိမ်ရဲ့မျက်နှာပြင်ပေါ်တွင် တည်ရှိပြီးအစာစားသုံးသောအခါ လျင်မြန်စွာ ဗိုက်ပြည့်မှုကို ခံစားရစေပါတယ်။
၇. ၀မ်းချုပ်ခြင်းနဲ့ ၀မ်းလျှောခြင်း စသည်ဖြင့် ပြောင်းလဲခြင်း
သင့်ဆီးဝမ်းကိစ္စများတွင် အပြောင်းအလဲ ဖြစ်ခြင်း (ဥပမာ-၀မ်ချုပ်ခြင်း၊ ၀မ်းလျှောခြင်း) တို့ဟာလည်း သားအိမ်ခေါင်းကင်ဆာလက္ခဏာရပ်
ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းဟာ သားအိမ်အကြိတ်ဟာ ဖောင်းပွလာပြီး
အစာအိမ်၊ ဆီးအိတ်၊ အူစသည်တို့ကို ဖိအားပေးမိ၍ဖြစ်ပါတယ်။
၈. နောက်ကျောအောင့်ခြင်း
နောက်ကျောတွင် အဆက်မပြတ်ကိုက်ခဲ၍ အောင့်ခြင်းဟာကင်ဆာ
အဖြစ်များသော လက္ခဏာ ဖြစ်ပါတယ်။ အချို့အမျိုးသမီးများဟာ ကလေးမွေးသောခံစားချက်နဲ့ တူညီတယ်လို့ ပြောကြပါတယ်။
၉. ရုတ်တရက်အလေးချိန်ကျခြင်း
လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားလျှော့ခြင်းများ မရှိဘဲ (၁၀)ပေါင်နှင့်အထက် ရုတ်တရက် အလေးချိန်ကျခြင်းဟာ ကင်ဆာအစောပိုင်း အဆင့်များတွင် ဖြစ်တတ်ပါတယ်။ ထိုသို့လျင်မြန်စွာအကျိုးအကြောင်းမရှိ အလေးချိန်ကျခြင်းဖြစ်လာမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၁၀. သွေးထွက်ခြင်း
လူသိနည်းသော သတိပေးလက္ခဏာတစ်ခုကတော့ ပုံမှန်မဟုတ်ဘဲ သားအိမ်မှ သွေးထွက်ခြင်းဖြစ်ပါတယ်။ အခြားသားအိမ်မူမမှန်ခြင်းများမှာ ရုတ်တရက်နာကျင်ခြင်း၊ အရည်ကြည်ဖုထွက်ခြင်းတို့ပဲဖြစ်ပါတယ်။
Ref: cancerschman cer.comhttp://wwwitking969.blogsport.com

No comments:

Post a Comment